တိုင်းရင်းဆေးပညာဦးစီးဌာနလက်အောက်ရှိ တိုင်းရင်းဆေးရုံများ၊ ခရိုင်ဦးစီးဌာနမှူးရုံးများ၊ ခရိုင်တိုင်းရင်းဆေးကုဌာနများနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနများတွင် လစ်လပ်လျက်ရှိသော လက်ထောက် တိုင်းရင်းဆေးမှူး (လစာနှုန်း၊၂၁၆၀၀ဝိ-၂၀၀၀-၂၂၆၀၀ဝိ)ရာထူးနေရာများသို့ အောက်ပါ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်-
(က) တိုင်းရင်းဆေးပညာဒီပလိုမာအောင်မြင်ပြီးသူ(သို့မဟုတ်)မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (B.M.T.M)ရရှိပြီးသူ ဖြစ်ရမည်။
(ခ ) (၃၀-၁၀-၂၀၁၉) ရက်နေ့၌ ဒု-လက်ထောက်တိုင်းရင်းဆေးမှူးရာထူး (လစာနှုန်း၊ ၁၉၈၀၀ဝိ-၂၀၀၀-၂၀၈၀၀ဝိ)နှင့်အဆင့်တူရာထူးတွင် လုပ်သက်(၂)နှစ်ပြည့်ပြီးသူ ဖြစ် ရမည်။
(ဂ ) ရာထူးတိုးမြှင့်ခန့်ထားပေးခြင်းခံရပါက မည်သည့်ဒေသမဆို သွားရောက်တာဝန်ထမ်း ဆောင်နိုင်သူ ဖြစ်ရမည်။