the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးတက္ကသိုလ်တွင် နံရံကပ်စာစောင်ဖွင့်လှစ်ပွဲ၊ စာပေဟောပြောပွဲနှင့် စကားရည်လုပွဲများ ကျင်းပ

တိုင်းရင်းဆေးတက္ကသိုလ်၊ စာပေနှင့်အနုပညာအသင်းက ဦးဆောင်၍ သင်းပျံ့မွှေးကြည် စာနုပန်းချီ အမည်ဖြင့် နံရံကပ်စာဆောင်ဖွင့်လှစ်ပွဲ၊ စာပေဟောပြောပွဲနှင့် စကားရည်လုပွဲများကို စက်တင်ဘာလ (၂၀)ရက်၊ မွန်းတည့် (၁၂းဝ၀)နာရီတွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)ရှိ အခန်း(၂၁၅)နှင့် ဘွဲ့နှင်းသဘင်ခန်းမတို့၌ ကျင်းပရာ တိုင်းရင်းဆေးတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းနှင့် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးထွန်းမြင့်၊ စာပေနှင့်အနုပညာအသင်း ဥက္ကဋ္ဌ ဒေါ်ထိပ်တင်မြတ် (မြန်မာစာဌာနမှူး) တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါအခမ်းအနားတွင် စာရေးဆရာဂျိုဇော် (ဒေါက်တာစိုးဝင်း)၊ စာရေးဆရာ ဒေါက်တာမောင်မောင်လေး(မန္တလေးတက္ကသိုလ်)၊ တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒုတိယ ပါမောက္ခချုပ်(စီမံ)၊ တိုင်းရင်းဆေးတက္ကသိုလ် သင်ကြားရေးဌာနများမှ ပါမောက္ခ ဌာနမှူးများ၊ ကထိက ဌာနမှူးများနှင့် ဌာနတာဝန်ခံများ၊ မော်ကွန်းထိန်း၊ ကျောင်းသား သမ္မဂ္ဂနှင့် အတန်း အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၊ တက်ရောက်ခဲ့သည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ