the republic of the union of myanmar

ministry of health

Department of Traditional Medicine

မြန်မာနိုင်ငံမှတိုင်းရင်းဆေးမှတ်တိုင်များစာအုပ်နှင့် တိုင်းရင်းဆေးသံတမန် ခန့်အပ်ခြင်းအကြောင်းအရာ များအား ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ပြည်သူ့လွှတ်တော်သို့ သွားရောက်တင်ပြခြင်း

 

မြန်မာနိုင်ငံမှတိုင်းရင်းဆေးမှတ်တိုင်များစာအုပ်နှင့် တိုင်းရင်းဆေးသံတမန် ခန့်အပ်ခြင်းအကြောင်းအရာ များအားကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ပြည်သူ့လွှတ်တော်သို့ သွားရောက်တင်ပြခြင်း
=============================
ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ပြည်သူ့လွှတ်တော် ဥက္ကဌ ဒေါက်တာစံရွှေဝင်း၏ ဖိတ်ကြားချက်အရ ယနေ့ ညနေ ၃း၀၀ နာရီတွင်ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ပြည်သူ့လွှတ်တော်သို့ တိုင်းရင်းဆေးပညာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်းဦးဆောင်သော အဖွဲ့ဝင်(၄)ဦးလိုက်ပါသည့်အဖွဲ့သည် မြန်မာ နိုင်ငံမှ တိုင်းရင်းဆေးမှတ်တိုင်များစာအုပ်ထုတ်ဝေရခြင်းနှင့် တိုင်းရင်းဆေးသံတမန်များ ခန့်အပ်ရခြင်းအကြောင်းအရာများကို ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ ဒေါက်တာ စံရွှေဝင်း နှင့် ကော်မတီ အဖွဲ့ဝင်များအား power point ဖြင့် သွားရောက်ရှင်းလင်း တင်ပြခဲ့ပါသည်။

ယင်းသို့ ရှင်းလင်းတင်ပြရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်းက မြန်မာနိုင်ငံမှတိုင်းရင်းဆေးမှတ်တိုင်များစာအုပ် ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြတ်က စာအုပ်တွင်ပါဝင်သော ခုနှစ်အလိုက် မှတ်တမ်းအကြောင်းအရာများကို အနှစ်ချုပ်တင်ပြခဲ့ပါသည်။
ဆက်လက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေနေနိုင်ရည်က တိုင်းရင်းဆေးသံတမန် ခန့်အပ်ရခြင်း၏ ရည်ရွယ်ချက် နှင့် အသေးစိတ်အချက်အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာစံရွှေဝင်း နှင့်အဖွဲ့ဝင်များက သိရှိလိုသည်များမေးမြန်းခဲ့ပြီးနောက် တိုးတက်ကောင်းမွန်အောင် ဖော်ဆောင် ပေးနေခြင်းများအား ကျေးဇူးတင်ပါကြောင်းပြောကြားပြီး တွေ့ဆုံပွဲကို ညနေ ၄း၁၀ တွင် ရုတ်သိမ်းခဲ့ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ