ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
စာအမှတ် တဆပ/နဆရ/၂၀၁၉ ( ၁၂၆၃ )
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ မတ် လ ( ၂၁ ) ရက်
သို့
ပါမောက္ခချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့
ညွှန်ကြားရေးမှူးများအားလုံး(စီမံခန့်ခွဲရေး၊ ကုသရေး၊ ဆေးဝါး/ဥယျာဉ်၊ သု-ဖွံ့)
တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊------။
(မှတ်ချက်။ မိမိလက်အောက်ရှိ ဌာနခွဲများသို့ ဆက်လက်ဖြန့်ဝေပေးပါရန်)
ဆေးရုံအုပ်ကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)
အကြောင်းအရာ။ ပညာသင်ဆုလျှောက်ထားနိုင်ကြောင်းအကြောင်းကြားခြင်းကိစ္စ
ရည် ညွှန်း ချက်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏(၇.၃.၂၀၁၉)ရက်စွဲပါ၊ စာအမှတ်၊ IRD/ ပညာသင်/ခ(၂၀၁၉) ၃၉၅၁
၁။အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ သြစတြေးလျသံရုံးမှ ၂၀၁၉ ပညာသင်နှစ်အတွက် အောက်ဖော်ပြပါပညာသင်ဆုသို့ အရည်အချင်းပြည့်မှီသည့် ဝန်ထမ်းများသည် သက်ဆိုင်ရာ Website နှင့် ဆက်သွယ်၍ ယှဉ်ပြိုင်လျှောက်ထားနိုင် ပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။
၂။သို့ဖြစ်ပါ၍ တိုင်းရင်းဆေးပညာဦးစီးဌာနအောက်ရှိ ဌာနအသီးသီးမှ လျှောက်ထားလိုသူဝန်ထမ်းများသည် သက်ဆိုင်ရာ Website သို့ သတ်မှတ်ရက်ထက်နောက်မကျစေဘဲ တိုက်ရိုက်လျှောက်ထားနိုင်ပါကြောင်းနှင့် လျှောက်ထားသူများစာရင်းအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသဖြင့် ယှဉ်ပြိုင်လျှောက်ထားပြီးသောရက်နေ့တွင် ညွှန်ကြားရေး မှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)သို့ လျှောက်လွှာမိတ္တူပေးပို့နိုင်ပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။
အမှတ်စဉ် သင်တန်းဘာသာရပ်
၂၅ Australia Awards Scholarship Program 2020 Intake
(၂) (Master Level of Study): Priority Fields of Study
(1) Human Development with an emphasis on quality education
(2) Peace, Governance and Humanitarian Assistance
(3)Inclusive Economic Growth, Private Sector Development, Government and Agriculture
(4) Promotion of Gender Equality and Social Inclusion
ဒေါက်တာမိုးဆွေ
ညွှန်ကြားရေးမှူးချုပ်
မိတ္တူ
ရုံးလက်ခံ/ မျှောစာတွဲ