the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၁၉ခုနှစ် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသို့ ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း အကြောင်းကြားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

စာအမှတ်၊ တဆပ/နဆရ/၂၀၁၉   (၁၀၅၄)

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ မတ်လ        ၇       ရက္

သို့

          ပါမောက္ခချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့

          ညွှန်ကြားရေးမှူးများအားလုံး(စီမံခန့်ခွဲရေး၊ ကုသရေး၊ ဆေးဝါး/ဥယျာဉ်၊ သု-ဖွံ့)

          တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊------။

          (မှတ်ချက်။     မိမိလက်အောက်ရှိ ဌာနခွဲများသို့ ဆက်လက်ဖြန့်ဝေပေးပါရန်)

          ဆေးရုံအုပ်ကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)

အကြောင်းအရာ။          ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း အကြောင်းကြားခြင်းကိစ္စ။

ရည် ညွှန်း ချက်။           ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏(၂၇.၂.၂၀၁၉) ရက်စွဲ ပါ  စာအမှတ်၊ ၁(က)(၁)၂၀၁၉(၄၅၀၇)ကလရ

၁။      အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ ၂၀၁၉ ခုနှစ်အတွက် မြန်မာပညာတော်သင်များကို ပညာသင်ဆု(အပြည့်)ဖြင့် အောက်ဖော်ပြပါပညာသင်ဆုသို့ အရည်အချင်းပြည့်မီသူဝန်ထမ်းများ ယှဉ်ပြိုင် လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထားလိုသူများသည် လျှောက်လွှာများကို http://www.csc.edu.cn/studyinchina (သို့မဟုတ်) http://www. campuschina.org တွင် (၂၅.၃.၂၀၁၉) ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှ ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသည်။

၂။      သို့ဖြစ်ပါ၍ တိုင်းရင်းဆေးပညာဦးစီးဌာနအောက်ရှိ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသော လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ Website သို့ သတ်မှတ်ရက်ထက်နောက်မကျစေဘဲ တိုက်ရိုက်‌လျှောက်ထားနိုင်ပါကြောင်းနှင့်   လျှောက်ထားသူများစာရင်းအား ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသဖြင့် (၂၅.၃.၂၀၁၉) ရက်နေ့နောက်ဆုံးထား၍ ယှဉ်ပြိုင်လျှောက်ထားပြီးသောရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)သို့ လျှောက်လွှာမိတ္တူပေးပို့နိုင်ပါရန်  အသိပေးအကြောင်းကြား အပ်ပါသည်။

          Chinese Government Scholarship

          (၁)ဝိဇ္ဇာ/သိပ္ပံဘွဲ့သင်တန်း

          (၂)မဟာဘွဲ့သင်တန်း

          (၃)ပါရဂူဘွဲ့သင်တန်း

          (၄)ဒီပလိုမာသင်တန်း

ပူးတွဲ( ၄ )ရွက်               

 

 

 

                                                                                 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့