ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
စာအမှတ်၊ တဆပ/နဆရ/၂၀၁၉ (၁၀၂၇)
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက်
သို့
ပါမောက္ခချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့
ညွှန်ကြားရေးမှူးများအားလုံး(စီမံခန့်ခွဲရေး၊ ကုသရေး၊ ဆေးဝါး/ဥယျာဉ်၊ သု-ဖွံ့)
တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊------။
(မှတ်ချက်။ မိမိလက်အောက်ရှိ ဌာနခွဲများသို့ ဆက်လက်ဖြန့်ဝေပေးပါရန်)
ဆေးရုံအုပ်ကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)
အကြောင်းအရာ။ ထိုင်းနိုင်ငံ၊ International Cooperation Agency(TICA)မှ ပညာသင်ဆု များအတွက် လျှောက်လွှာခေါ်ယူခြင်း
ရည် ညွှန်း ချက်။ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏(၂၈.၂.၂၀၁၉) ရက်စွဲ ပါ စာအမှတ်၊ ၁(က)(၁)၂၀၁၉(၄၆၃၁)ကလရ
၁။ အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ International Cooperation Agency (TICA) မှ 2019 Thailand International Postgraduate Programme(TIPP) Programme ဖြင့် သင်ကြားပို့ချမည့် အောက်ဖော်ပြပါသင်တန်းများသို့ ပညာသင်စေလွှတ်ရန်အတွက် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံ သူများသည် လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသည်။
၂။ သို့ဖြစ်ပါ၍ တိုင်းရင်းဆေးပညာဦးစီးဌာန လက်အောက်ရှိဌာနအသီးသီးမှ သတ်မှတ်အရည် အချင်းနှင့်ပြည့်စုံသော လျှောက်ထားလိုသူဝန်ထမ်းများသည် ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေး ပညာဦးစီးဌာန(ရုံးချုပ်)မှတဆင့် ပေးပို့လျှောက်ထားရမည်ဖြစ်ပါသည်။ လျှောက်လွှာများကို ကျန်းမာ ရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ နေပြည်တော်သို့ (၁၂.၃.၂၀၁၉)ရက်နေ့ နောက်ဆုံး ထားပေး ပို့ရမည်ဖြစ်ပါသဖြင့် လျှောက်ထားသူများအနေဖြင့် လျှောက်လွှာမူရင်းနှင့်မိတ္တူ(၁)စုံကို တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်) သို့ (၁၁.၃.၂၀၁၉)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထား နိုင်ပါကြောင်း ပူးတွဲပါအတိုင်း အကြောင်းကြားအပ်ပါသည်။
2019 Thailand International Postgraduate Programme (TIPP)
(၁) Master of Public Health သင်တန်း
(၂) Master of Primary Health Care Management Program သင်တန်း
ပူးတွဲ( ၄ )ရွက်