ကိုရီးယားနိုင်ငံ၊ ဆိုးလ်အမျိုးသားတက္ကသိုလ်တွင်အာရှဒေသ၏ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အဓိကတက္ကသိုလ်များမှ ၂၀၁၉ ခုနှစ်၊ Fall Semester အတွက် SNU President Fellowship ပါရဂူဘွဲ့ပညာသင်ဆုသို့ အရည်အချင်းပြည့်မီသူ အရာထမ်းများသည် ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း၊ အသေးစိတ်အချက်အလက်များကို ဖုန်း +၈၂-၂-၈၈၀-၂၅၁၉၊ email- intlscholarship @snu.ac.kr သို့ ဆက်သွယ်စုံစမ်းနိုင်ပါ ကြောင်းနှင့် http://admission. snu.ac.kr/file down/2019fall graduate eng.pdf တွင်(၈.၃.၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။
တိုင်းရင်းဆေးပညာဦးစီးဌာနအောက်ရှိ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသော လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ Website သို့ သတ်မှတ်ရက်ထက်နောက်မကျစေဘဲ တိုက်ရိုက်လျှောက်ထား နိုင်ပါကြောင်းနှင့် လျှောက်ထားသူများစာရင်းအား ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသဖြင့် ယှဉ်ပြိုင်လျှောက်ထားပြီးသောရက်နေ့ တွင် ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်) သို့ လျှောက်လွှာမိတ္တူ ပေးပို့ နိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။
ပူးတွဲ( ၁ )ရွက်