နေပြည်တော် ၂၀၁၈ ဒီဇင်ဘာလ ၂၈
(၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံသို့ တက်ရောက်လာကြသော ညီလာခံကိုယ်စားလှယ်တော်ကြီးများနှင့် ဧည့်သည် တော်ကြီးများအားလုံး၊ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း ဟူသော ကာယ၊ စိတ္တသုခနှစ်ဖြာပြည့်စုံပါစေကြောင်း ပထမဦးစွာ ဆုတောင်း မေတ္တာ ပို့သရင်း မင်္ဂလာနံနက်ခင်းပါလို့နှုတ်ခွန်းဆက်သပါတယ်။
အခုလိုမြန်မာ့တိုင်းရင်းဆေးသမားတော်များသာမကတိုင်းရင်းဆေးနှင့်နှီးနွယ်တဲ့ပညာရှင်များပါ စည်လုံးညီညွတ်စွာတတ်ရောက်လာကြတဲ့ ဒီညီလာခံ ကြီးမှာ မိမိအနေနဲ့ သဘာပတိအဖြစ် ဆောင်ရွက်ခွင့်ရတဲ့အတွက် အလွန် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။