the republic of the union of myanmar

ministry of health

Department of Traditional Medicine

ညွှန်ကြားရေးမှူး (စီမံခန့်ခွဲရေး) ဆရာဦးခင်မောင်သန်းအား နှုတ်ဆက်ပွဲအခမ်းအနား

နေပြည်တော် ၂၀၁၈ အောက်တိုဘာ ၃၁

ညွှန်ကြားရေးမှူး(စီမံခန့်ခွဲရေး) ဆရာဦးခင်မောင်သန်းအား နှုတ်ဆက်ပွဲအခမ်းအနားကို ရုံးအမှတ် ၄၇ တိုင်းရင်းဆေပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ခေတ္တညွှန်ကြားရေးမှူးချုပ် မှ အမှာစကားပြောကြားရာတွင်

  • ညွှန်ကြားရေးမှူး (စီမံခန့်ခွဲရေး) ဦးခင်မောင်သန်းသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် လုပ်သက် (၂)နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • ယခုသည် မိသားစုအခက်အခဲများကြောင်း ဆေးသုတေသနဦးစီးဌာန ပြင်ဦးလွင်ရုံးခွဲသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရခြင်းဖြစ်ပါသည်။
  • ဦးခင်မောင်သန်းသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ချိန် ကာလတွင်လုပ်ငန်းများအား စိစစ်သေချာစွာလုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ဝန်ထမ်းများအားလည်း မိမိ၏ မောင်နှမသားချင်းများကဲ့သို့ သဘောထားကာ ချစ်ကြည်ရင်းနှီးစွာဖြင့် အတူတကွပူးပေါင်း ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။

ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာန ဝန်ထမ်းမိသားစုများမှ ညွှန်ကြားရေးမှူး ဦးခင်မောင်သန်းကိုအမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီး ဆေးသုတေသန ပြင်ဦးလွင်ရုံးခွဲသို့ တာဝန်ထမ်းဆောင်မည့် ညွှန်ကြားရေးမှူး ဦးခင်မောင်သန်းမှ နှုတ်ဆက်စကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ