the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကျင်းပရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

 

နေပြည်တော် အောက်တိုဘာလ ၁၁ ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးအမှတ်(၄၇) အစည်းအဝေးခန်းမ၌ ယနေ့နေ့လည် ၁၂း၀၀တွင် (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံကျင်းပရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိမ်းကျော်၊ မြန်မာ့နိုင်ငံတိုင်းရင်းဆေးကောင်စီဝင် ဦးသန်းထွန်း၊ ဦးမြင့်အောင်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတွင် -

  • (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပ ပြုလုပ်ရန် ရက်စွဲအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၇-၁၈-၁၉)ရက်များသို့ ယာယီသတ်မှတ်ထား ခြင်း
  • (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ အတွက် ရည်ရွယ်ချက်များကို ပြန်လည်ဆွေးနွေးခြင်း
  • (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံအတွက် အဆို/အထောက် ခေါင်းစဉ်(၄)ခု အဖြစ် ထားရှိပြီး အဆိုပါ ခေါင်းစဉ်များအား စုပေါင်းရွေးချယ်ခြင်း
  • Panel Discussion အတွက် အကြောင်းအရာခေါင်းစဉ်များ ဆွေးနွေးညှိနှိုင်းခြင်း
  • ယခင်နှစ်များက တိုင်းရင်းဆေးပြခန်းငယ်များထားရှိပြီး ယခုနှစ်တွင် တိုင်းရင်းဆေးပြခန်းကို သီးသန့်ပြသနိုင်ရန် ဆွေးနွေးညှိနှိုင်းခြင်း
  • လုပ်ငန်းကော်မတီအသီးသီးဖွဲ့စည်းရန်အတွက်ပါဝင်မည့် ပုဂ္ဂိုလ်များထည့်သွင်းရန် ဆွေးနွေးခြင်း
  • စီမံချက်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီးရုံးသို့ ဆောလျင်စွာပေးပို့နိုင်ရန် ဆွေးနွေးခြင်း
  • ဧည့်ခံကျွေးမွေးရေး/ဘဏ္ဍာရေးကိစ္စရပ်များ/ လုံးခြုံရေးကိစ္စရပ်များ/ ဖိတ်ကြားရေး ကိစ္စရပ်များ/ ကြိုဆိုနေရာချထားရေးကိစ္စရပ်များ အစရှိသည်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေး ကို နေ့လယ် ၂:၀၀ တွင် ရုတ်သိမ်းခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ