၁၀-၈-၂၀၁၈ ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးသည် မန္တလေးမြို့ရှိ တိုင်းရင်းဆေးတက္ကသိုလ်ရှိ ကျောင်းသား/ကျောင်းသူများနှင့် ချစ်ကြည်ရင်းနှီးခင်မင်စွာ တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
မော်လမြိုင်ကျွန်းမြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံတွင် ရေသန့်စက်(၁)စုံလှူဒါန်းခြင်း
Thu , Aug 09 2018 - 08 am၉-၇-၂၀၁၈ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံတွင် ငွေကျပ် ၅၀၀၀၀၀ (ကျပ်ငါးသိန်းတိတိ)တန်ဖိုးရှိ ရေသန့်စက်(၁)စုံကို လ/ထတိုင်းရင်းဆေးမှူးများဖြစ်သော ဒေါ်ခက်ခက်မာနှင့် ဒေါ်ထက်ထက်လင်းမိသားစုများနှင့် ရန်ကုန်မြို့မှ ကိုသားကြီးတို့စုပေါင်း၍ လှူဒါန်းခဲ့ပါသည်။
၈-၈-၂၀၁၈ ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမတွင်အပတ်စဉ် ဗုဒ္ဓဟူး နေ့တိုင်းကျင်းပပြုလုပ်သော knowledge sharing talk အစီအစဉ်ကို ကျင်းပခဲ့ပါသည်။ Past, Present and Future of Myanmar TM kit ခေါင်းစဉ်ဖြင့် ဒေါက်တာခင်သန့်ဇင်မှ ဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပုသိမ်မြို့နယ် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့် ဧရာဝတီတိုင်းဒေသကြီးတိုင်းရင်းဆေးဆရာအသင်း(ခွဲ) တို့ပူးပေါင်း၍ (၁၅.၇.၂၀၁၈) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးကန်ကြီးထောင့်မြို့နယ်၊ ညောင်ချောင်းကျေးရွာရှိ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသမှုပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ပါသည်။