the republic of the union of myanmar

ministry of health

Department of Traditional Medicine

Training Course on Research Methodology ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် အမျိုးသားပရဆေးဉယျာဉ် သင်တန်းခန်းမ၌ ကျင်းပခဲ့ပါသည်

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

 

၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၇ ရက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနက ကြီးမှူး၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အထောက်အပံ့ဖြင့် ကျင်းပသော တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများအတွက် Training Course on Research Methodology ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် အမျိုးသားပရဆေးဉယျာဉ် သင်တန်းခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်းက သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ သင်တန်းနည်းပြဆရာများဖြစ်ကြသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာကျော်ဦး၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခမောင်မောင်သက်၊ မြန်မာနိုင်ငံရှိ WHO ရုံး မှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသော တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
သင်တန်းသို့ တိုင်းရင်းဆေးပညာဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီသီးမှ သင်တန်းသား၊ သင်တန်းသူ (၅၅)ဦး၊ လေ့လာသူ(၅)ဦး စုစုပေါင်း (၆၀)ဦး တက်ရောက်ကြသည်။
သင်တန်းကာလမှာ ၂၀၁၉ ခုနှစ် ဩဂုတ်လ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့ အထိ ဖြစ်ပါသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ