၁။ အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ဘရူနိုင်းဒါရုဆလမ်နိုင်ငံရှိ Universiti Brunei Darussalam-UBD နှင့် FPT University တို့ ပူးပေါင်း၍ ဗီယက်နမ်နိုင်ငံ၊ Da Nang မြို့ရှိ UBD-FPT Global Center တွင် Scholarship on Enhancing Professional Communication Skills for ASEAN 2019 သင်တန်းများသို့ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများသည် ယှဉ်ပြိုင် လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရည်ညွှန်းစာဖြင့် အကြောင်း ကြားလာပါသည်။
၂။ အဆိုပါပညာသင်ဆုဖြင့် Programme 1:Professional Communication in English နှင့် Programme 2:Intensive English Proficiency Course တို့ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းကာလများမှာ ပထမအကြိမ်အဖြစ် (၄-၃-၂၀၁၉ မှ ၁၉-၄-၂၀၁၉ ထိ)၊ ဒုတိယအကြိမ် အဖြစ်(၂၂-၇-၂၀၁၉ မှ ၆-၉-၂၀၁၉ ထိ) နှင့် တတိယအကြိမ်အဖြစ် (၃၀-၉-၂၀၁၉ မှ ၁၅-၁၁-၂၀၁၉ ထိ) အသီးသီးဖြစ်ပါကြောင်း၊ လျှောက်ထားသူများအနေဖြင့် ၎င်းတို့ တက်ရောက်လိုသည့် Programme၊ သင်တန်းကာလ (၃)ခုအနက် ပထမဦးစားပေးကာလနှင့် ဒုတိယဦးစားပေးကာလတို့အား ရွေးချယ် ဖော်ပြရမည်ဖြစ်ပါကြောင်း၊လျှောက်လွှာများကို https://apply.ubd.edu.bn/orbeon/uis-welcome/ မှတဆင့် (၁၄-၁-၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပါကြောင်း ဖော်ပြထား ပါသည်။
၃။ ပညာသင်ဆုသို့ အသက် (၂၀) နှစ်မှ (၃၅) နှစ်အတွင်းရှိသူများ လျှောက်ထားနိုင်ပြီး အနိမ့်ဆုံး Post-secondary School Certificate ရှိရန် လိုအပ်ပါကြောင်း၊ ပညာသင်သွားရောက်ရန် သင့်လျော် ကြောင်း သက်ဆိုင်ရာဆရာဝန်ထောက်ခံချက်ကို မိမိကုန်ကျစရိတ်ဖြင့် တင်ပြရမည်ဖြစ်ပါကြောင်း၊ သင်တန်းကြေး၊ အသွား/အပြန်လေယာဉ်စရိတ်၊ နေ့တွက်စရိတ်၊ နေထိုင်စရိတ်၊ ပညာသင်ကာလ အတွက် ကျန်းမာရေးအာမခံတို့ကို ပညာသင်ဆုအစီအစဉ်မှ ကျခံပေးမည်ဖြစ်ပါကြောင်း ဖော်ပြထား ပါသည်။ ပညာသင်ဆုဆိုင်ရာ အချက်အလက်များကို http://www/ mfa.gov.bn/Pages/ BDScholarship.aspx. တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း ဖော်ပြထားပါသည်။
၄။ သို့ဖြစ်ပါ၍ တိုင်းရင်းဆေးပညာဦးစီးဌာနလက်အောက်ရှိ ဌာနအသီးသီးမှ လျှောက်ထားလိုသူ များသည် ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)သို့ မိတ္တူပေးပို့၍ သက် ဆိုင်ရာ Website နှင့် ဆက်သွယ်၍ (၁၄-၁-၂၀၁၉) ရက်ထက် နောက်မကျစေဘဲ ယှဉ်ပြိုင် လျှောက်ထားနိုင်ပါကြောင်း သိရှိနိုင်ပါရန် အသိပေးအကြောင်းကြားပါသည်။
အမှတ်စဉ် သင်တန်းဘာသာရပ်
၂၂၅ Scholarship on Enhancing Professional Communication
(၁) Skills for ASEAN 2019
ရိုးရိုး Programme 1: Professional Communication in English and
Programme 2: Intensive English Proficiency