the republic of the union of myanmar

ministry of health

Department of Traditional Medicine

Research and technical study related to Tradition and Herbal Medicine၊ တိုင်းရင်းဆေးပညာ သုတေသနနှင့် နည်းပညာဆိုင်ရာ လေ့လာရေးခရီးစဉ် မှတ်တမ်း

၂၀၁၈ ဇူလိုင်လ ၂၆ ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေး ခန်းမတွင် Knowledge sharing talk အစီအစဉ်ကိုကျင်းပခဲ့ပါသည်။ ဆွေးနွေး သည့် ခေါင်းစဉ်မှာ “Research and technical study related to Tradition and Herbal Medicine၊ တိုင်းရင်းဆေးပညာ သုတေသနနှင့် နည်းပညာဆိုင်ရာ လေ့လာရေးခရီးစဉ် မှတ်တမ်း  အကြောင်းကိုဆွေးနွေးခဲ့ပါသည်။

 

ပထမဦးစွာ ညွှန်ကြားရေးမှူး(သုတေသန/ဖွံ့ဖြိုးရေး) ဒေါက်တာသိန်းဇော်လင်းက သဘာပတိ အဖြစ်ဆောင်ရွက်ပြီး ဂျပန်ခရီးစဉ်နှင့်ပတ်သက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲမှ လ/ထညွှန်ကြားရေးမှူး ဒေါ်နေနေနိုင်ရည် က Research and technical study related to Tradition and Herbal Medicine၊ တိုင်းရင်းဆေးပညာ သုတေသနနှင့် နည်းပညာဆိုင်ရာ လေ့လာရေးခရီးစဉ် မှတ်တမ်းနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းဆွေးနွေးခြင်းအား ဒေါ်နေနေနိုင်ရည်မှ ပြန်လည်ဖြေကြားခဲ့ပါသည်။  

 

ဆက်လက်ပြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးက တင်ပြပုံကောင်းမွန်ကောင်းနှင့် နောင်တွင်လည်း ဒီထက်အသေးစိတ်ရှင်းလင်းတင်ပြပေးနိုင်ရန် ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။ ၄င်းနောက် သဘာပတိ ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇော်လင်း(သုတေသန/ဖွံ့ဖြိုးရေး)က နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနား ကို ရုတ်သိမ်းခဲ့ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ