ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
စာအမှတ် ၊ တဆပ/နဆရ/၂၀၁၈ (၅၆၅၇)
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက
သို့
ပါမောက္ခချုပ်
တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့
အကြောင်းအရာ။ ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း အကြောင်းကြားခြင်းကိစ္စ။
ရည် ညွှန်း ချက်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၁၁.၁၂.၂၀၁၈) ရက်စွဲပါ စာအမှတ်၊ IRD/ပညာသင်/ခ(၂၀၁၈)/၂၀၆၅၃
အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ University Brunei Darussalam-UBD ၏ Institute of Policy Studies တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှ (၁၂)လကြာ ဖွင့်လှစ်မည့် The 6th Cohort of the Master of Public Policy and Management (MPPM) Programme သို့ သတ်မှတ်အရည်အချင်းနှင့်ပြည့်မီ သူများသည် ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသဖြင့် တိုင်းရင်းဆေး ပညာဦးစီးဌာန လက်အောက်ရှိဌာနအသီးသီးမှ လျှောက်ထားလိုသူများသည် ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)သို့မိတ္တူ ပေးပို့၍ သက်ဆိုင်ရာ Website ဖြစ်သော http://apply.ubd.edu.bn/orbeon/uis-welcome/ တွင် (၃၁-၃-၂၀၁၉)ရက်နေ့ နောက်ဆုံးထားပြီး တိုက်ရိုက်လျှောက်ထားနိုင်ပါ ကြောင်း သိရှိနိုင်ပါရန် ပေးပို့အပ်ပါ သည်။
ပူးတွဲ(၁)ရွက်
ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
(မြင့်ဦး၊ဒုတိယညွှန်ကြားရေးမှူးချုပ်)
မိတ္တူကို
-ရုံးလက်ခံ/ မျှောစာတွဲ
။