the republic of the union of myanmar

ministry of health

Department of Traditional Medicine

Master of Nursing Science Program (Pediatric Nursing, Psychiatric Nursing) သင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်းအား အကြောင်းကြား ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

                                                                          စာအမှတ်၊ တဆပ/နဆရ/၂၀၁၉ (  ၈၃၁  )

က်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၅    ရက်

သို့

          တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊------။

          (မှတ်ချက်။     မိမိလက်အောက်ရှိ ဌာနခွဲများသို့ ဆက်လက်ဖြန့်ဝေပေးပါရန်)

         ဆေးရုံအုပ်ကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)

အကြောင်းအရာ။      Master of Nursing Science Program (Pediatric Nursing, Psychiatric Nursing) သင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်းအား အကြောင်းကြား ခြင်းကိစ္စ။

ရည် ညွှန်း ချက်။       ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ (၁၉.၂.၂၀၁၉) ရက်စွဲပါ စာအမှတ်၊ ၁(က)(၁)၂၀၁၉(၄၁၂၉)ကလရ။

၁။      အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၊ Mahidol University တွင်    ၂၀၁၉ ခုနှစ် ပညာသင်နှစ်အတွင်း သင်ကြားပို့ချမည့် Master of Nursing Science Program (Pediatric Nursing, Psychiatric Nursing) သင်တန်းများသို့ ပညာသင်စေလွှတ်ရန်အတွက် အောက်ဖော်ပြပါအရည်အချင်းနှင့် ပြည့်စုံသူများသည် လျှောက်ထားနိုင်ပါကြောင်း ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။

၂။      သို့ဖြစ်ပါ၍ တိုင်းရင်းဆေးပညာဦးစီးဌာနလက်အောက်ရှိ ဌာနအသီးသီးမှ လျှောက်ထားလိုသူ ဝန်ထမ်းများသည် သတ်မှတ်ရက်ထက် နောက်မကျစေဘဲ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေး ပညာဦးစီးဌာန(ရုံးချုပ်)မှတဆင့် ပေးပို့ လျှောက်ထားနိုင်ပါကြောင်း  သိရှိနိုင်ပါရန် ပူးတွဲပါအတိုင်း ဆက်လက်အကြောင်းကြားအပ်ပါသည်။

လိုအပ်သောအရည်အချင်းများ

၁။      လျှောက်ထားသူနှင့် မိဘနှစ်ဦးစလုံးအပြင် ဇနီး/ခင်ပွန်းသည်လည်း နိုင်ငံသားဖြစ်ရပါမည်။

          (ဧည့်နိုင်ငံသားနှင့် ပြုနိုင်ငံသားများကိုလည်း လျှောက်ထားခွင့်ပြုပါသည်။)

၂။      လျှောက်ထားသူသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်တွင် အမြဲတမ်း ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး လျှောက်လွှာပိတ်သည့်နေ့တွင် အနည်းဆုံး  အမှန်တကယ် အမှုထမ်းသက်(၂)နှစ်ရှိသူဖြစ်ရပါမည်။

၃။      လျှောက်ထားသူသည် B.N.Sc ဘွဲ့ရရှိပြီးသူဖြစ်ရပါမည်။

၄။      လျှောက်ထားသူသည် လျှောက်လွှာပိတ်သည့်နေ့တွင် အသက်(၅၀)နှစ်အောက်ရှိသူဖြစ်ရမည်။

၅။      နိုင်ငံခြားတွင် (၆)လနှင့်အထက် သင်တန်းတက်ရောက်ပြီးသူဖြစ်ပါက မြန်မာနိုင်ငံသို့      ပြန်လည်ရောက်ရှိပြီး အနည်းဆုံး(၃)လ တာဝန်ထမ်းဆောင်ပြီးသူဖြစ်ရပါမည်။

၆။      သင်တန်းမှပြန်လည်ရောက်ရှိပါက နိုင်ငံ့ဝန်ထမ်းအဖြစ်(၄)နှစ် ပြန်လည်တာဝန်ထမ်းဆောင်           နိုင်သူဖြစ်ရပါမည်။

(မှတ်ချက်။     ရွေးချယ်ခံရသူသည် အင်္ဂလိပ်စာကျွမ်းကျင်မှုအတွက် TOFEL (at least 480) or IELTS (at least 5) Scores ကို တင်ပြနိုင်သူ ဖြစ်ရပါမည်။)

ပူးတွဲ(၂) ရွက်

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း