၈-၈-၂၀၁၈ ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမတွင်အပတ်စဉ် ဗုဒ္ဓဟူး နေ့တိုင်းကျင်းပပြုလုပ်သော knowledge sharing talk အစီအစဉ်ကို ကျင်းပခဲ့ပါသည်။ Past, Present and Future of Myanmar TM kit ခေါင်းစဉ်ဖြင့် ဒေါက်တာခင်သန့်ဇင်မှ ဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသူများမှ မေးမြန်းဆွေးနွေးကြပြီး သဘာပတိ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးက ဆွေးနွေးခြင်း၊ မေးမြန်းခြင်းများနှင့်ပတ်သက်ပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။