the republic of the union of myanmar

ministry of health

Department of Traditional Medicine

ASEAN Agreement for Traditional Medicine (TM) and Health Supplement (HS) အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ASEAN Agreement for Traditional Medicine (TM) and Health Supplement (HS) နှင့်ပတ်သက်သော အစည်းအဝေးကို (၂၁-၁-၂၀၂၀)ရက်နေ့ နံနက် ၁၀ : ၀၀ နာရီတွင် တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေ ဦးဆောင်ပါဝင်ဆွေနွေး၍ တိုင်းရင်းဆေးပညာရပ်ပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ တိုင်းရင်းဆေးကောင်စီနယကအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်၊ ပြည်ထောင်စု‌ရှေ့နေချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်မိုး၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လ/ထညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံအသံကို အတူတကွနားစဉ်ခဲ့ကြပြီး ASEAN Agreement on Regulatory Framework for Health Supplements (Safety, Quality, Efficacy/Claimed Benefits and Labeling Requirements) of the Agreements on HS and TM မှ ARTICALE (3, 5,8) ကို အကျယ်အဝင့်ဆွေး.နွေးခဲ့ကြသည်။
ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၉ မှ ဇူလိုင်လ ၃ ရက်နေ့တွင် (၃၃)ကြိမ်မြောက် ASEAN – TMHS အစည်းအဝေးကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရှိပါသဖြင့် ကြိုတင်ပြင်ဆင်ထားပါရန် လမ်းညွှန်မှာကြားခဲ့သည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ