the republic of the union of myanmar

ministry of health

Department of Traditional Medicine

“အဋ္ဌမအကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ” အတွက် တိုင်းရင်းဆေးသုတေသန စာတမ်းများ ဖိတ်ခေါ်အပ်ပါသည်။

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

  စာအမှတ်၊ တဆပ/သု-ဖွံ့/၂၀၁၇ (၂၉၉၄)

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၁ရက်

သို့

----------------------------------
----------------------------------

အကြောင်းအရာ။ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲအတွက် စာတမ်းများ ဖိတ်ခေါ်ခြင်း။

 

၁။      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ကြီးမှူး၍ “အဋ္ဌမအကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ” ကို တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၌ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ လူကြီးမင်းဌာနမှ တိုင်းရင်းဆေးပညာဆိုင်ရာစာတမ်းများ တင်သွင်းဖတ်ကြားနိုင်ပါရန် အသိပေး ဖိတ်ခေါ်အပ်ပါသည်။

 

၂။      တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲတွင် တင်သွင်းဖတ်ကြားမည့် စာတမ်းရှင်များအနေ ဖြင့် မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောက်ဖော်ပြပါကဏ္ဍများနှင့် သက်ဆိုင် သည့် သုတေသနစာတမ်းများ ရေးသားပြုစုတင်သွင်းနိုင်ပါသည်။ 

          (က)   မြန်မာ့တိုင်းရင်းဆေးပညာ နယကြီးလေးပါးဆိုင်ရာ သုတေသနစာတမ်းနှင့်ပိုစတာများ

          (ခ)    ဆေးဖက်ဝင်အပင်များဆိုင်ရာ သုတေသနစာတမ်းနှင့်ပိုစတာများ

          (ဂ)    တိုင်းရင်းဆေးဝါးဆိုင်ရာ သုတေသနစာတမ်းနှင့်ပိုစတာများ

          (ဃ)   တိုင်းရင်းဆေးဝါးကုန်ကြမ်းဆိုင်ရာသုတေသသနစာတမ်းနှင့်ပိုစတာများ

          (င )   ရောဂါကုထုံးဆိုင်ရာ သုတေသနစာတမ်းနှင့်ပိုစတာများ

          (စ)    မြန်မာ့တိုင်းရင်းဆေးပညာဆိုင်ရာ တီထွင်မှုနှင့် ရှာဖွေတွေ့ရှိမှု သုတေသနစာတမ်းနှင့် ပိုစတာများ

 

၃။      သို့ဖြစ်ပါ၍ သုတေသနစာတမ်းတင်သွင်းရန် စိတ်ပါဝင်စားသူ စာတမ်းရှင်များအနေဖြင့် မိမိတို့ ပြုစုထားသည့် သုတေသန စာတမ်းများကို ပူးတွဲပါပုံစံအတိုင်း စာတမ်းအကျဉ်း(Abstract)ကို      (၃၀-၁၁-၂၀၁၇) ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း၊ စာတမ်းအပြည့်အစုံ(Full Paper)ကို     (၁၄-၁၂-၂၀၁၇) ရက်နေ့ နောက်ဆုံးထား၍ ကွန်ပျူတာစာမူ (Hard Copy(၂)စုံ၊ စီဒီခွေ C.D Soft Copy) ထည့်သွင်းပြုစုလျက် အတွင်းရေးမှူး၊ တိုင်းရင်းဆေးပညာ သုတေသနစာတမ်း စိစစ်ရွေးချယ် ရေးအဖွဲ့၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနခွဲ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ရုံးအမှတ်(၄၇)၊ နေပြည်တော် သို့ လိပ်မူလျက် ပေးပို့နိုင်ကြောင်း အကြောင်းကြား ဖိတ်ခေါ်အပ်ပါသည်။

 

၄။      စာတမ်း/ပိုစတာ တင်သွင်းသူများအနေဖြင့် မိမိတို့တင်သွင်းလိုသော စာတမ်းအကျဉ်းနှင့် စာတမ်းအပြည့်အစုံအား  သတ်မှတ်ရက်များအရောက် အချိန်မီ ပေးပို့ရမည်ဖြစ်ပြီး သတ်မှတ်ချိန်ထက် နောက်ကျ၍ ရောက်ရှိ လာသော စာတမ်း/ပိုစတာများ၊ အခြားနေရာများ၌ ဖတ်ကြားတင်သွင်းပြီးသော စာတမ်း/ ပိုစတာများအား ဖတ်ကြားတင်သွင်းခွင့်ပြုမည် မဟုတ်ကြောင်း အသိပေးဖော်ပြအပ်ပါ သည်။

 

၅။      အသေးစိတ်သိရှိလိုသော အချက်အလက်များကို ၊ ညွှန်ကြားရေးမှူး(သုတေသနနှင့်ဖွံ့ဖြိုးရေး) ဖုန်း-၀၆၇-၄၃၁၀၉၂၊ ဒုတိယညွှန်ကြားရေးမှူး(သုတေသန) ဖုန်း-၀၆၇-၄၃၁၃၃၄၊ ဒုတိယ ညွှန်ကြားရေးမှူး(ဖွံ့ဖြိုးရေး) ဖုန်း-၀၆၇-၄၃၁၁၄၉ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေး အပ်ပါသည်။ စာတမ်းများနှင့် ပတ်သက်သော အချက်အလက်များနှင့် စာတမ်းရှင်များ သိရှိလိုက်နာ ရမည့်အချက်များ (Instructions to Authors)အား သိရှိနိုင်ရန် ပူးတွဲပေးပို့အပ်ပါသည်။

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)

(ကျော်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်)

မိတ္တူကို-

၁။ ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန  
၂။ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန
၃။ ညွှန်ကြားရေးမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန
၄။ ရုံးလက်ခံ
၅။ မျှောစာတွဲ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း