the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းရင်းဆေးပညာဦးစီးဌာနမှအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။      ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းရင်းဆေးပညာဦးစီးဌာနမှ အသုံးစရိတ် ခွင့်ပြု ရန်ပုံငွေဖြင့် အောက်ဖော်ပြပါပစ္စည်းများအား မြန်မာကျပ်ငွေဖြင့်ဝယ်ယူလိုပါ၍ တရားဝင် အသိအမှတ်ပြုလိုင်စင်ရ (ကုမ္ပဏီ၊ အရောင်းဆိုင်) များမှ အိတ်ဖွင့်တင်ဒါ ခေါ်ယူအပ်ပါသည်။

          (က)    လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများ

          (ခ)     ရုံးသုံးနှင့် အထွေထွေသုံး စက်ပစ္စည်း

          (ဂ)     ရုံးသုံးပရိဘောဂပစ္စည်းများ

၂။      တင်ဒါစတင်ရောင်းချမည့်ရက်         - (၁၉-၂-၂၀၁၉) ရက် (အင်္ဂါနေ့)

          တင်ဒါပိတ်သည့် ရက်/အချိန်            - (၂၁-၃-၂၀၁၉) ရက် (ကြာသပတေးနေ့)၊ ၁၆ : ၀၀ နာရီ

          တင်ဒါပေးသွင်းရမည့်နေရာ             -  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရုံးအမှတ်(၄၇)၊ နေပြည်တော်

၃။      တင်ဒါနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးအမှတ်(၄၇) နေပြည်တော်တွင် ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်၍ဖြစ်စေ၊ ဖုန်းအမှတ်-၀၆၇-၄၃၁၀၉၄၊ ၀၆၇-၄၃၁၀၉၅၊ ၀၆၇-၄၃၁၁၄၆၊ ၀၆၇-၄၃၁၀၉၁ သို့ ဆက်သွယ်၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။

 

 

တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့

                                                                              တိုင်းရင်းဆေးပညာဦးစီးဌာန

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ