the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၁၈ ခုနှစ် ဧပြီလ(၁၉) ရက်မှ (၂၀) ရက်နေ့အထိCambodia နိုင်ငံ၊ Siem Reap မြို့တွင်ကျင်းပခဲ့သောTWENTY-NINTH MEETING OF THE TRADITIONAL MEDICINES AND HEALTH SUPPLEMENTS PRODUCT WORKING GROUP (TMHS PWG) နှင့် ဆက်စပ်အစည်းအဝေး

၂၀၁၈ ခုနှစ် ဧပြီလ(၁၉) ရက်မှ (၂၀) ရက်နေ့အထိCambodia နိုင်ငံ၊ Siem Reap မြို့တွင်ကျင်းပခဲ့သောTWENTY-NINTH MEETING OF THE TRADITIONAL MEDICINES AND HEALTH SUPPLEMENTS PRODUCT WORKING GROUP (TMHS PWG) နှင့် ဆက်စပ်အစည်းအဝေးများကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆေးဝါးနှင့်ဥယျာဉ်ဌာနခွဲမှ ညွှန်ကြားရေးမှူးဒေါက်တာမြင့်မြင့်သန်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးဒေါက်တာသိန်းဇော်လင်း၊ ခုတင် ၅၀ ဆံ့ မကွေးတိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူးဒေါ်မေသဇင်နှင့် တိုင်းရင်းဆေးတက္ကသိုလ်၊ ဆေးဝါးဗေဒဌာနမှ နည်းပြ၊ဒေါ်အိသဇင်ဖြိုးတို့ တက်ရောက်ခဲ့ပါသည်။ 
အဆိုပါအစည်းအေးများတွင် ယခင်အစည်းအဝေးများမှ ဆုံးဖြတ်ချက်များ၊ ကျန်ရှိနေသေးသည့် တိုင်းရင်းဆေးဝါးများ၊ ကျန်းမာရေးဖြည့်စွက်စာများနှင့် ပတ်သက်၍ အာဆီယံနိုင်ငံများအတွင်းစံသတ်မှတ်ချက်များကိုဘုံသဘောတူညီချက်များရရှိအောင်ဆွေးနွေကြခြင်း၊ အာဆီယံ၏ တိုင်းရင်းဆေးဝါးများ၊ ကျန်းမာရေးဖြည့်စွက်စာများနှင့် ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းများ၊ နိုင်ငံတစ်နိုင်ခြင်းစီအလိုက် မိမိနိုင်ငံတွင်းဆွေးနွေးပွဲများ၊ သင်တန်းများအကြောင်းကိုအသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ
ခြေဖနောင့်နာခြင်းအား တိုင်းရင်းဆေးပညာဖြင့် ကာကွယ်စောင့်ရှောက်ခြင်း
ဆောင်းဉတုအတွက်တိုင်းရင်းဆေးပညာအရ ကျန်းမာရေးစောင့်ရှောက်ခြင်း၂၀၂၄ ရေဒီယိုTALK
အဆီတိုးရောဂါအကြောင်းသိကောင်းစရာ