the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၁၈ ခုနှစ် ဇွန်လ ၃ ရက် (တနင်္ဂနွေ)နေ့တွင် ၁၆ ခုတင်ဆံ့ ရေတာရှည်တိုင်းရင်းဆေးရုံ ကို ဖွင့်လှစ်

၂၀၁၈ ခုနှစ် ဇွန်လ ၃ ရက် (တနင်္ဂနွေ)နေ့တွင် ၁၆ ခုတင်ဆံ့ ရေတာရှည်တိုင်းရင်းဆေးရုံ ကို ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ 

 

 

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းဆေး ပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးက ဆေးရုံ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကျန်းမာရေး အားကစားကော်မတီဝင် သနပ်ပင်ကိုယ်စားလှယ် ဦးမြင့်ဦးက တိုင်းရင်းဆေး၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပါသည်။ 

 

 

 

တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူးက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်အား ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ဖွင့်ပွဲအထိမ်းအမှတ် အလံပေး အပ်ခဲ့ပါသည်။ တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူးက တိုင်းရင်းဆေးရုံဆောက်လုပ်ရန်အတွက် မြေနေရာလွှဲပြောင်းပေးပါသော တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့ပါသည်။ ထို့နောက် ရေတာရှည်မြို့နယ်အသင်း(ရန်ကုန်) အသင်းသူ/အသင်းသားများက ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ရေတာရှည်မြို့သို့ အလှူငွေ (၅)သိန်းကျပ်ကိုလည်းကောင်း၊  တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့မှ အတွင်းရေးမှူး ဦးမောင်မောင်ဦး (ဂရိတ်ဝေါ)တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းက အလှူငွေ(၅)သိန်းကျပ်ကိုလည်းကောင်း လှူဒါန်းခဲ့ပါသည်။ 

 

 

ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော်ကျန်းမာရေး အားကစားကော်မတီဝင် သနပ်ပင်ကိုယ်စားလှယ် ဦးမြင့်ဦး၊ ပဲခူးတိုင်းစစ်တိုင်းမှူး နှင့် တာဝန်ရှိသူများမှ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံသစ် ကဗ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးခဲ့ပါသည်။ 
ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဧည့်သည်တော်များက ၁၆ ခုတင်ဆံ့ ရေတာရှည်တိုင်းရင်းဆေးရုံ အဆောက်အအုံသစ် အတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ