the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် တိုင်းရင်းဆေးပညာအစည်းအဝေးခန်းမ၌ ဝန်ထမ်းဒါဘာနှင့် WHO မဂ္ဂဇင်းတွင် စာမူရေးသားသူများအား ဆုချီးမြှင့်ခြင်း၊ ဇွန်လအတွက် ဝန်ထမ်းကောင်းဆု ချီးမြှင့်ခြင်း အခမ်းအနား

၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် တိုင်းရင်းဆေးပညာအစည်းအဝေးခန်းမ၌ ဝန်ထမ်းဒါဘာနှင့် WHO မဂ္ဂဇင်းတွင် စာမူရေးသားသူများအား ဆုချီးမြှင့်ခြင်း၊ ဇွန်လအတွက် ဝန်ထမ်းကောင်းဆု ချီးမြှင့်ခြင်း အခမ်းအနားတို့ကို ပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးက အမှာစကားပြောကြားရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန တိုးတက်ဖို့ စည်းလုံးညီညွတ်စွာဖြင့် ကြိုးစားကြဖို့ကြောင်း ပြောကြားပါသည်။

 

ညွှန်ကြားရေးမှူး(စီမံ)က အလုပ်လုပ်ရာတွင် အဆင့်လိုက်တာဝန်ခံမှုရှိရမည် ဖြစ်ကြောင်း၊ လုပ်ရန်၊ လုပ်ပြီး၊ လုပ်ရန်ကျန် အတိုကောက်အားဖြင့် ရန်ပြီးကျန်ကို စာရင်းလုပ်ကာ အမြဲဂရုပြုလုပ်ရန် လိုကြောင်း ရန်ပြီးမကျန်ဖြစ်ရန် ကြိုးစားဖို့လိုကြောင်း ပြောကြားပါသည်။

 

ညွှန်ကြားရေးမှူး(ကုသ)က အဆင့်လိုက်ကြိုးစားဖို့လိုကြောင်း အစရှိသဖြင့် ပြောကြားပါသည်။ ညွှန်ကြားရေးမှူး(ဆေးဝါး)က ကြိုးစားဖို့လိုကြောင်း လူကြီးများမှ ကြိုးစားသူများကို ကြည့်နေ ကြောင်း အစရှိသဖြင့် ပြောကြားပါသည်။

 

ညွှန်ကြားရေးမှူး(သုတေသန/ဖွံ့ဖြိုးရေး)က မိမိအရည်အချင်းကို အမြဲမပြတ် ဖြည့်ထားသင့် ကြောင်း အစရှိသဖြင့် ပြောကြားပါသည်။

 

ထို့နောက် တက်ရောက်လာသည့် ဝန်ထမ်းများမှ ဆွေးနွေးကြပါသည်။

 

ခေတ္တညွှန်ကြားရေးမှူးချုပ်က လူအများရှေ့တွင် ဝန်ထမ်းများအနေဖြင့် ဆွေးနွေးရန် အဆင်မပြေ ဖြစ်မည် စိုးသောကြောင့် အစီအစဉ်တစ်ခု ပြုလုပ်ထားပါသည်။ ဒါဘာမစခင် စာရွက်အလွတ် များကို ကြိုဝေထားပါသည်။ အဆိုပါ စာရွက်များတွင် မိမိဆန္ဒပြုလိုသော အကြောင်းအရာ၊ အဆင်မပြေသော အကြာင်းအရာများကို ချရေးရန်ဖြစ်ပါသည်။ အဆိုပါစာရွက်တွင် လက်မှတ် ထိုးစရာမလိုပါ။ ချက်ချင်းဖြေရှင်းလို့ရသည်များကို ချက်ချင်းဖြေရှင်းပြီး အချိန်ယူရမည့် ကိစ္စများ ကိုဆောလျင်စွာ  ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကတိပေးပါသည်။

 

ထို့နောက် WHO မဂ္ဂဇင်းတွင် စာမူများရေးသားခဲ့ကြသော ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး၊ လ/ထညွှန်ကြားရေးမှူး ဒေါ်နေနေနိုင်ရည်၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးသန်း၊ ဦးစီးမှူး ဒေါ်တင်နီလာပွင့်၊ ဒေါ်မေသူစိုးတို့အား ခေတ္တညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြု မှတ်တမ်းများ ချီးမြှင့်ပါသည်။

 

ဆက်လက်၍ ဇွန်လအတွက် ဝန်ထမ်းကောင်းဆုများရရှိကြသော စီမံဌာနမှ ဒေါ်မေစီသင်း၊ ဒေါ်မြတ်စောနွယ်၊ ဘဏ္ဍာဌာနမှ ဒေါ်ယမုံဖွေး၊ ဆေးဝါးဌာနမှ ဒေါ်ဟန်နီထွန်း၊ သုတေသနဌာနမှ ဒေါ်ဇင်မာဝင်း၊ ဒေါ်ခင်ဇာသင်း၊ ဒေါ်မြင့်မြင့်ခိုင်၊ ဖွံ့ဖြိုးရေးဌာနမှ ဒေါ်သူသူဝင်း၊ ကုသရေးဌာနမှ ဒေါ်ကြွယ်ကြွယ်စန်း၊ မော်တော်ယာဉ်ဌာနမှ ဦးဟိန်းစိုးထွဋ်တို့အား အသီးသီးဆုချီးမြှင့်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ