the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၁၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ တွင် FAME Pharmaceuticals Co.,ltd သို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော တိုင်းရင်းဆေးဆိုင်ရာ GMP စိစစ်အကဲဖြတ်ရေး အဖွဲ့သည် - GMP Certificate သက်တမ်းတိုးအတွက် သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၁၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ တွင် FAME  Pharmaceuticals Co.,ltd သို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော တိုင်းရင်းဆေးဆိုင်ရာ GMP  စိစစ်အကဲဖြတ်ရေးအဖွဲ့သည် - GMP Certificate  သက်တမ်းတိုးအတွက် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 

ဖွင့်ပွဲအခမ်းအနားအစည်းအဝေးတွင် တိုင်းရင်းဆေးဆိုင်ရာ GMP စိစစ်အကဲဖြတ်ရေးအဖွဲ့  ဥက္ကဋ္ဌ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးက မိတ်ဆက်စကား ပြောကြားပြီး တိုင်းရင်းဆေးဆိုင်ရာ GMP  စိစစ်အကဲဖြတ်ရေးအဖွဲ့ဝင်များနှင့် မိတ်ဆက်ပေး ခဲ့ပါသည်။ FAME ဆေးဝါးစက်ရုံ၏ Factory Director ဒေါ်စင်သီယာမှ GMP in Production of Traditional Medicine and Health Supplement (TMHS)” Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

 

ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး တိုင်းရင်းဆေးဆိုင်ရာ GMP  စိစစ်အကဲဖြတ်ရေးအဖွဲ့အား Managing Director ဒေါက်တာခင်မောင်လွင်နှင့် တာဝန်ရှိ သူများက စက်ရုံအတွင်း လိုက်လံပြသခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် FAME  Pharmaceuticals Co.,ltd ၏ သက်ဆိုင်ရာအဖွဲ့ခွဲများမှ Administrative ပိုင်း၊ Quality Control ပိုင်း၊ Processing ပိုင်း၊ Premises & Raw.Finished Store ပိုင်း၊ Personnel ပိုင်း၊ Documentation ပိုင်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ညနေပိုင်းတွင် GMP သက်တမ်းတိုးအတွက် ကြည့်ရှုစစ်ဆေးခြင်း အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

 

 

 

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ