the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၂၀၁၇ - ၂၀၁၈) ဘဏ္ဍာရေးနှစ် ဒုတိယ (၆) လပတ် (အောက်တိုဘာမှမတ်လ) အထိ ဖွံ့ဖြိုးရေးဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်ချက်များ

ဖွံ့ဖြိုးရေးဌာနစိတ်၏ ဆောင်ရွက်နိုင်မှု

 

(၁) သင်တန်းပို့ချခြင်းများ

 

စဉ်

သင်တန်းအမည်

သင်တန်းကာလ

သင်တန်းဖွင့်လှစ်

သည့်ဒေသ

သင်တန်း

သားဦးရေ

၁။

CTME လိပ်ခေါင်းရောဂါ

(၃.၁၀.၂၀၁၇)

ခုတင် (၁၀၀)ဆံ့တိုင်းရင်း ဆေးရုံကြီး၊ မန္တလေး

၇၀

၂။

CTME သွေးအားနည်းရောဂါ

(၂၄.၁၁.၂၀၁၇)

ခုတင် (၁၀၀)ဆံ့တိုင်းရင်း ဆေးရုံကြီး၊ နေပြည်တော်

၆၂

၃။

CTME လက်ကပ်ရောဂါ

(၂၆.၁.၂၀၁၈)

ခုတင် (၁၀၀)ဆံ့တိုင်းရင်း ဆေးရုံကြီး၊ ရန်ကုန်

၃၉

၄။

CTME အာရုံကြောအားနည်း ရောဂါ

(၁၅.၂.၂၀၁၈)

ခုတင် (၁၀၀)ဆံ့တိုင်းရင်း ဆေးရုံကြီး၊ မန္တလေး

၅၂

၅။

CTME ဝဲယားနာ

(၂၄.၃.၂၀၁၈)

ခုတင် (၁၀၀)ဆံ့တိုင်းရင်း ဆေးရုံကြီး၊ နေပြည်တော်

၄၅

၆။

အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်း

(၂၉/၃၀.၃.၂၀၁၈)

မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း (ဗဟို)

၃၀

 

၂။ စာနယ်ဇင်းတွင် ပညာပေးရေးသားခြင်း၊ အသံလွှင့်ခြင်းလုပ်ငန်း

   (သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်)

  • (MRTV) တွင် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ပညာပေးအစီအစဉ် ရိုက်ကူးရန်အတွက် စာမူများ ရေးသားပြုစုခြင်း (၉) ပုဒ်
  • မြန်မာရုပ်မြင်သံကြား (MRTV)မှ တိုင်းရင်းဆေးပညာဦးစီးဌာန အမျိုးသားပရဆေးဥယျာဉ် အတွင်းရှိ မြန်မာ့တိုင်းရင်းဆေးပညာပြတိုက်သို့ လေ့လာရေးလာရောက် ရိုက်ကူးခြင်း
  • တိုင်းရင်းဆေးပညာနှင့် ပါစကဝမ်းမီး
  • ပင်စိမ်းပင်အကြောင်းတစေ့တစောင်း
  • ဆေးဖက်အသုံးဝင်ကြက်ဟင်းခါးပင်
  • ပျားရည်အကြောင်းသိကောင်းစရာ
  • စည်းလုံးညီညာ တိုင်းရင်းဆေးညီလာခံ (သတင်းစာဆောင်းပါး)
  • သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်မှ သောတရှင်သို့ ပြန်ကြားလွှာအမေးအဖြေ (ဒူးနာ၊ ခါးနာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ နှာခေါင်းသွေးယိုခြင်းဆိုင်ရာ မေးခွန်းများ ဖြေဆိုခြင်း)  
  • အိမ်ရှင်မများအတွက် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ (ရုပ်သံလွှင့်ခြင်း အစီ အစဉ်  MRTV)
  • သုတအဖြာဖြာ တိုင်းရင်းဆေးပညာအစီအစဉ်မှ လေငန်းရောဂါနှင့် ဗိုက်အောင့်ရောဂါ မေးမြန်း ခြင်းအား ပြန်လည်ဖြေကြားခြင်း။
  •  အတက်ရောဂါ
  •  လေငန်းရောဂါ
  •  ဗိုက်အောင့်ရောဂါ
  •  ရင်သားအကျိတ်နာ
  •  လိပ်ခေါင်းရောဂါအကြောင်းသိကောင်းစရာ
  •  နွေရာသီနှင့်ကျန်းမာရေး
  •  ကိုယ်ဝန်ဆောင်မိခင်လောင်းနှင့် မိခင်များအတွက် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်ခြင်း
  • ၂၀၁၈ ကမ္ဘာ့ကျန်းမာရေးနှင့် ဆောင်းပါးစာမူ (၃) ပုဒ် ရေးသားပေးပို့ခြင်း (ပြည်သူအားလုံး ကျန်းမာဖို့ စဉ်ဆက်မပြတ်ကြိုးစားစို့)
  • မီးယပ်လာစဉ်ခံစားရတဲ့ ကိုက်ခဲခြင်းကို တိုင်းရင်းဆေးဖြင့် ကုသခြင်း

 (၃) အထွေထွေလုပ်ငန်းဆောင်ရွက်ချက်

  • တိုင်းရင်းဆေးပညာ ဆေးရုံများတွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြက် ပညာပေးရေး အစီ အစဉ် CTME ဆောင်ရွက်နိုင်ရေးအတွက် လအလိုက် ပြုလုပ်ရမည့် ရောဂါစာရင်းများ ဖြန့်ဝေခြင်း
  • (၂၀၁၆ ဧပြီလမှ ၂၀၁၇ မတ်လအထိ) အဖွံ့ဖြိုးရေးဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်ချက်များ အား Data ပြုစု၍ ပေးပို့ရခြင်း
  • သောဏိတပသာဒအမည် သွေးတိုးကျဆေး သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း 
  •  (၁၈)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲအတွက် စီမံချက် (မူကြမ်း) ပြုစုရေးသားခြင်း၊
  • (၁၈)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲအတွက် မိန့်ခွန်းများပြုစုရေးသားခြင်း၊
  • (၈) ကြမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ စီမံချက်( မူကြမ်း) ပြုစုရေးသားခြင်း
  •  (၁၈) ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံအတွက် ပြည်နယ်/တိုင်း ဒေသကြီးများမှ တင်သွင်းသော အဆို(မူကြမ်း) များစုစည်းခြင်း   
  • ပြည်နယ်/တိုင်းဒေသကြီးများမှ လစဉ်အလိုက် ကျင်းပပြုလုပ်သော (CTME) ခေါင်းစဉ်၊ အကြောင်းအရာများနှင့် ဆေးရုံ/ဆေးခန်းများ၏ ကွင်းဆင်းမှတ်တမ်းဓာတ်ပုံများအား သတင်း လွှာပြုစုနိုင်ရန်အတွက် စုစည်းပေးခြင်း
  • ပြည်နယ်/တိုင်းဒေသကြီးများမှ  ကျင်းပပြုလုပ်ပြီးသော (CTME) ခေါင်းစဉ် (၆) ခုအား SOP ထွက်ရှိနိုင်ရန်အတွက် Analysis ပြုလုပ်ခြင်း
  • ပြည်နယ်/တိုင်းဒေသကြီးများတွင် ကျင်းပပြုလုပ်ရန် (CTME) ခေါင်းစဉ်များအား ၂၀၁၇-၂၀၁၈ တနှစ်စာအစီအစဉ် ရေးဆွဲခြင်း
  • ကြာသပတေးနေ့ထုတ် သတင်းစာ/ဂျာနယ်များတွင် ပါဝင်သော ကျန်းမာရေးသတင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ပေးပို့ခြင်း

-   (၁၈) ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပ ခြင်း (၁၁.၁.၂၀၁၈) ရက်နေ့မှ ( ၁၃.၁.၂၀၁၈) ရက်နေ့အထိ

-   အဋ္ဌမအကြိမ်မြောက် တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ ကျင်းပခြင်း(၂၃.၃.၂၀၁၈) ရက်နေ့မှ (၂၄.၃.၂၀၁၈) ရက်နေ့အထိ

-   (၁၈) ကြိမ်မြောက် တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ မှတ်တမ်း ပြုစု ရေးသားခြင်း

-   အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ဝန်ထမ်းများ တွေ့ဆုံခြင်း မှတ်တမ်းများ ရေးသားပြုစုခြင်း

-   ပြည်ထောင်စုဝန်ကြီး ဒေါက်တာတာမြင့်ထွေးနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ဝန်ထမ်း များတွေ့ဆုံခြင်း မှတ်တမ်း ရေးသားပြုစုခြင်း

  • (၇.၃.၂၀၁၈) ရက်နေ့ တွင် ကျင်းပပြုလုပ်သော (၂၀၁၇/၂၀၁၈) ဘဏ္ဍာနှစ် တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှတ်တမ်းရေးသားပြုစုခြင်း

 (၄) စာအုပ်စာစောင်ပိုစတာများ ရိုက်နှိပ်ခြင်း

  • တိုင်းရင်းဆေးပညာမဂ္ဂဇင်း အမှတ် (၃၀) ထုတ်ဝေခြင်း
  • (၁၈) ကြိမ်မြောက် တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ Programme ထုတ်ဝေခြင်း
  • (၁၇) ကြိမ်မြောက် တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ မှတ်တမ်း စာအုပ် ထုတ်ဝေခြင်း
  • အဋ္ဌမအကြိမ်မြောက် တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ အခမ်းအနားအစီအစဉ်နှင့် စာတမ်းအကျဉ်းများစာအုပ် ထုတ်ဝေခြင်း
  • ဥတုဘောဇနသင်္ဂဟ ကျမ်းလာ ကျန်းမာစေကြောင်း နည်းလမ်းကောင်း
  • ကျန်းမာစေကြောင်း နည်းလမ်းကောင်း (သွယ်သုံးသွယ်)
  • အခြေခံတိုင်းရင်းဆေးပညာပေး ရက်တိုသင်တန်းလက်စွဲစာအုပ် ထုတ်ဝေခြင်း

 

 

(၅) တိုင်းရင်းဆေးဝါးများ ကြော်ငြာစိစစ်ရေးလုပ်ငန်း

  • သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းတို့တွင် တိုင်းရင်းဆေးဝါးကြော်ငြာ (၅၉) မျိုးအား စိစစ်ပေးခဲ့ ပါသည်။

(၆) ပြခန်းများ ဖွင့်လှစ်ပြသခြင်း

  • စာကြည့်တိုက်နှင့်ပြတိုက် ထိမ်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
  • စာကြည့်တိုက် အတွက်လိုအပ် သော စာအုပ်များ ဝယ်ယူ စုဆောင်းခြင်း
  • (၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို (၁၁.၁.၂၀၁၈) ရက်နေ့မှ (၁၃.၁.၂၀၁၈) ထိ M.I.C.C.2 နေပြည်တော်တွင်ကျင်းပခြင်း
  • တိုင်းရင်းဆေးဝါးထုတ်လုပ်သူများ ပြခန်း (၂၈) ခန်းအား ဖွင့်လှစ်ပြသခြင်း
  • ကမ္ဘာ့ပဋိဇီဝဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် World Antibiotics Awareness Week (WAAW) အထိမ်းအမှတ်အခမ်းအနား၊ (၂၃.၁၁.၂၀၁၇) ရက်နေ့၊ ရုံးအမှတ် (၄)၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတွင်  တိုင်းရင်းဆေးပညာဖြင့် ပိုစတာပြသခြင်း
  • (၈) ကြိမ်မြောက် မဲခေါင်ဒေသနိုင်ငံတိုင်းရင်းဆေးပညာဆိုင်ရာ အစည်းအဝေးနှင့် မဲခေါင်ဒေသ ဆိုင်ရာ ဆေးနှင့် ပစ္စည်းပြပွဲတွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြခန်းအား (၂၁.၁၁. ၂၀၁၇) မှ (၂၄.၁၁.၂၀၁၇) ထိ ပါဝင်ပြသခြင်း
  • တိုင်းရင်းဆေးပညာဦးစီးဌာန အမျိုးသားပရဆေးဥယျာဉ်အတွင်းရှိ မြန်မာ့တိုင်းရင်းဆေးပညာ ပြတိုက်တွင် ပြတိုက်အဆင့်မြှင့်တင်ရေး လုပ်ငန်းစီမံချက်အရ ပြတိုက်လုပ်ငန်းစဉ်များ ပြင်ဆင် ဆောင်ရွက်ခြင်း
  • (၈) ကြိမ်မြောက် မဲခေါင်ဒေသတွင်းနိုင်ငံများဆိုင်ရာ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အစည်း အဝေးနှင့် တိုင်းရင်းဆေးနှင့် ဆက်စပ်ပစ္စည်းများပြပွဲကျင်းပရန်အတွက် ပြင်ဆင်ခြင်း
  • တိုင်းရင်းဆေးပညာဦးစီးဌာန ဖွံ့ဖြိုးရေးဌာနစိတ် ပြတိုက် (နေပြည်တော်အမျိုးသား ပရဆေး ဥယျာဉ်) တွင် လာရောက်လေ့လာသော ပြည်သူများအတွက် ပြကွက်များခင်းကျင်းပြသခြင်း 

 

ပူးတွဲအပြည့်အစုံ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း