the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် (၈)ကြိမ်မြောက် မဲခေါင်ဒေသတွင်းနိုင်ငံများဆိုင်ရာ တိုင်းရင်းဆေးနှင့်ဆက်စပ်ပစ္စည်းများပြပွဲ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် (၈)ကြိမ်မြောက် မဲခေါင်ဒေသတွင်းနိုင်ငံများဆိုင်ရာ တိုင်းရင်းဆေးနှင့်ဆက်စပ်ပစ္စည်းများပြပွဲကြီးကို ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းရင်းဆေး ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မဲခေါင်နိုင်ငံများမှ ကိုယ်စားလှယ်တို့က ပြပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ပြခန်းအတွင်း လှည့်လည် ကြည့်ရှု အားပေးခဲ့ကြပါသည်။ 

 

၄င်းပြပွဲကြီးသည် (၈)ကြိမ်မြောက် မဲခေါင်ဒေသတွင်းနိုင်ငံတွေရဲ့အစည်းအဝေးကြီးနဲ့ ဆက်စပ် ပြသခဲ့ခြင်းဖြစ်ပါသည်။ ပြပွဲတွင် ပြည်တွင်းတိုင်းရင်းဆေးဝါးထုတ်လုပ်တဲ့ ပြခန်းတွေအပြင် မဲခေါင်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့မှလည်း ပြသကြပါသည်။ ထို့အပြင် တိုင်းရင်းဆေးပညာဦးစီးဌာနပြခန်း၊ ဆေးဝါးနှင့်ပရဆေးဉယျာဉ်ပြခန်း၊ သုတေသနဓာတ်ခွဲပြုလုပ်ပုံအဆင့်ဆင့်ပြခန်း၊ မိုးကြိုးသွားအသုံးပြု၍ တိုင်းရင်းဆေးကုသနည်း၊ ဆရာကြီး ဓားဘသိန်း၏ တိုင်းရင်းဆေးကုသနည်းများ၊ ကချင်ရိုးရာကြက်ဥဗေဒင်ဖြင့် ကျန်းမာရေး ဟောပြောပေးခြင်းပြခန်း စသည်ဖြင့် ပြခန်းပေါင်းစုံလင်စွာ ပြသခြင်းအပြင် စာပေဟောပြာပွဲများကို လည်း စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း