the republic of the union of myanmar

ministry of health

Department of Traditional Medicine

၁-၃-၂၀၁၈ ရက်နေ့ တပေါင်းလပြည့်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့အခမ်းအနား ကျင်းပခဲ့သည့် သတင်းများအားဖော်ပြခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ရန်ကုန်တိုင်းဒေသကြီး

- ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းရင်းဆေးသမားတော်များနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းရှင်များ စုပေါင်း၍ စတုတ္တအကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များနေ့ အခမ်းအနားကို မတ်လ (၁) ရက်နေ့၊ နံနက် (၉) နာရီတွင် " Western Park" ဟိုတယ်၌ ကျင်းပခြင်း၊

- ၎င်းအခမ်းအနားတွင် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယဥက္ကဌ ဆရာကြီး ဦးကြည်မောင်က " ရှေးမြန်မာမင်းများ ကျန်းမာရေးနှင့် ပတ်သက်ပြီး နန်းတွင်း သမားတော်ကြီးတွေက ဦးဆောင် ကုသပေး စသည်ဖြင့် တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာမှုအား ပြောကြားခြင်း၊

ထို့နောက် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဌ တိုင်းရင်းဆေးသမားတော် ဆရာကြီး ဦးသန်းညွှန့်ထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခြင်း၊ 

- ကန်တော့ခံ ဆရာကြီး သမားတော်ကြီး ဦးဉာဏ်လွင်နှင့် သမားတော်ကြီး ဦးမောင်ဉာဏ်တို့က တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဗဟုသုတများ ပြောကြားခြင်း၊ 

- ပိုဒ်စုံရတု၊ ကန်တော့ချိုးတို့ဖြင့် တိုင်တည်ကန်တော့ခြင်း၊ ကန်တော့ပစ္စည်းများ ပေးအပ်ခြင်း၊

- ယင်းနောက် တိုင်းရင်းဆေးပညာဆိုင်ရာ အကြံပေးအဖွဲ့ (TAG) အတွင်းရေးမှူး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဘဏ္ဍာရေးမှူး၊ ရန်ကုန်တိုင်း ဒေသကြီး တာဝန်ခံ ဆရာ ဦးမောင်မောင်ဦး (ဂရိတ်ဝေါ) က ဝမ်းမြောက်ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနား ပြီးမြောက်ကြောင်းကြေညာခြင်း။

 

ပဲခူးတိုင်းဒေသကြီး

- မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ အခမ်းအနားကို မတ်လ (၁) ရက်နေ့ နံနက်ပိုင်းက၊ ပဲခူး ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခြင်း၊

- အခမ်းအနားကို နဝရတ်ကတိသစ္စာရွတ်ဆိုပြီး ဖွင့်လှစ်ခြင်း၊

- ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်း ဥက္ကဌ ဦးအေးရွှေမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ 

- မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဌ ဦးသန်းညွှန့်မှ ပေးပို့သော သဝဏ်လွှာ ကို ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာ ဦးစီးဌာန ဦးစီးမှူး ဦးစိုးမိုးမှ ဖတ်ကြားခြင်း၊

- ၎င်းနောက် ရှေးသမားတော်ကြီးများအား ရည်စူးပြီး ဆွမ်း၊ လှူဖွယ် ပစ္စည်းများ လှူဒါန်း၍ အခမ်းအနား ပြီးမြောက်ကြောင်းကြေညာခြင်း။

 

 

နေပြည်တော်

- ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြန်မာ့တိုင်းရင်းဆေးဆရာအသင်း (ဗဟို) ၌ မြန်မာ့ တိုင်းရင်းဆေးသမားတော်များနေ့ အခမ်းအနားကျင်းပခြင်း၊

- နေပြည်တော်ကောင်စီဝင် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း ဆရာကြီး ဦးတင်ထွဋ်က နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊

- မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဌ ဦးသန်းညွှန့်မှ ပေးပို့သော သဝဏ်လွှာ အား ပြည်ထောင်စုနယ်မြေ နေပြည်တော် တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဦးစီးဌာနမှူး ဦးစိုးမြင့်မှ ဖတ်ကြားခြင်း၊ 

- မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဒုတိယဥက္ကဌ ဆရာကြီး ဦးကျော်သိန်းဌေးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊

- မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ဗဟို) အတွင်းရေးမှူး၊ နေပြည်တော် ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ ဆေးရုံအုပ်ကြီး (ငြိမ်း) ဆရာကြီး ဦးဝေဝင်းက သမားတော်များနေ့ ဂုဏ်ပြု ဖွဲ့သီအပ်သော" မြှောက်သင့်သြဇာ" အစချီသော ပိုဒ်စုံရတုအား ဖတ်ကြား၍ မုဒိတာစကား ပြောကြားခြင်း၊ 

- နေပြည်တော် ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီးမှ တာဝန်ရှိသူများက တိုင်းရင်းဆေးသမား တော်ကြီးများ၏ အတ္ထုပ္ပတ္တိတို့အား ဖတ်ကြားခြင်း၊

- မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဒုတိယ ဥက္ကဌ ဆရာကြီး ဦးကျော်သိန်းဌေး က နိဂုံးချုပ်အမှာစကားပြောကြားခြင်း၊

- အခမ်းအနားပြီးမြောက်ကြောင်းကြေညာခြင်း။

 

ရှမ်းပြည်နယ်

- တိုင်းရင်းဆေးသမားတော်များနေ့ အခမ်းအနားကို မတ်လ (၁) ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည် နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပခြင်း၊ 

- အခမ်းအနားကို နဝရတ်ကတိသစ္စာရွတ်ဆိုပြီး ဖွင့်လှစ်ခြင်း၊

- ၎င်းနောက် သဘာပတိက အဖွင့်အမှာစကား ပြောကြားခြင်း၊

- ထို့နောက် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဌ ဦးသန်းညွှန့်ပေးပို့သော သဝဏ်လွှာကို ရှမ်းပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဆွေမှ ဖတ်ကြားခြင်း၊

- ကန်တော့ခံသမားတော်ကြီးများမှ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာဗဟုသုတများ ပြောကြားခြင်း၊ 

- သမားတော်ဆရာကြီး/ ဆရာမကြီးများအား ကန်တော့ခြင်း၊

- သဘာပတိမှ နိဂုံးချုပ်ပြောကြားပြီး အခမ်းအနားပြီးမြောက်ကြောင်း ကြေညာခြင်း။

 

 

 

စစ်ကိုင်းတိုင်းဒေသကြီး

- မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းရင်းဆေးဆရာ အသင်းခွဲ မှ ကြီးမှူး၍ ၁၃၇၉ ခုနှစ် တပေါင်းလပြည့်နေ့ (၁-၃-၂၀၁၈) ရက်နေ့တွင် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အခမ်းအနားကို (၅၀)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ မုံရွာမြို့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 

- အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌ ဦးသန်းထွန်းမှ မြန်မာ့တိုင်းရင်းဆေးဆရာအသင်း ဗဟိုဥက္ကဋ္ဌ၏ သဝဏ်လွှာဖတ်ကြားခြင်း၊ ဆရာကြီး ဦးဉာဏ်ထွန်း၏ ထေရုပ္ပတ္တိ ဆရာကြီးဦးဟန်ထွန်း၏ ထေရုပ္ပတ္တိများဖတ်ကြားခြင်း၊ တပေါင်း လပြည့်နေ့တွင် ကျရောက်သည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ ဂုဏ်ပြုပိုဒ်စုံ ရတုရွတ်ဆိုဂုဏ်ပြုခြင်းတို့အပြင် “ပညာရှင်ရှေးသမားကျေးဇူးတရား မမေ့ငြား” ခေါင်းစဉ်ဖြင့် ရှေးဆရာကြီးများ၏ ဂုဏ်ကျေးဇူးကို မျိုးဆက်သစ်ပညာရှင်များက အစဉ်မြဲအောက်မေ့တသ သတိရနေကြမည်ဖြစ်ကြောင်း ရေဦးဆေးရုံအုပ်မှ ဂုဏ်ပြုဖတ်ကြားခဲ့ပါသည်။ 

- မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်း ဥက္ကဋ္ဌ ဦးသန်းထွန်းမှ ကျပ်တစ်သိန်း၊ ရွှေဟင်္သာဆေးဝါး ထုတ်လုပ်ရေးမှ ကျပ်ငါးသောင်း၊ မြကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ကျပ်ငါးသောင်း ဆေးပဒေသာအလှူငွေပေါင်း ကျပ်နှစ်သိန်းတိတိကို မုံရွာတိုင်းရင်းဆေးရုံသို့ လှူဒါန်းခဲ့ကြ ပါသည်။ 

- ထို့ပြင် အခမ်းအနားတက်ရောက်သူများမှ ဆေးရုံတက်ရောက်ကုသမှု ခံယူနေကြသော လူနာများအား (၁)ဦးလျှင် ကျပ်တစ်သောင်းစီ ထောက်ပံ့ပေးအပ်ပြီး အားပေးစကား ပြောကြား ခဲ့ပါသည်။ 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ