the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံအဆိုပြုချက် (၅)ချက်

၁။ မြန်မာ့တိုင်းရင်းဆေးပညာနှင့်ပတ်သက်၍ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့် ရရှိသင့်သည့် တိုင်းရင်းဆေးပညာရပ်များ၊ ကုသနည်းစနစ်များ၊ ဆေးပင်များ၊ ဆေးပစ္စည်းများ၊ ဆေးနည်းများအား ဖော်ထုတ်သတ်မှတ် ဆောင်ရွက်ရန်နှင့် ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ များနှင့် Nagoya protocol ကို လေးစား လိုက်နာတတ်သော ပတ်ဝန်းကျင်အသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရေးအတွက် နှီးနှောဖလှယ် ပညာပေးရန်၊

 

၂။ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသန လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရန်နှင့် သုတေသနလုပ်ငန်း နယ်ပယ်များ သတ်မှတ် ဆောင်ရွက်ရန်၊

 

၃။ ကျင့်ဝတ်နှင့်ညီ၍ တိုင်းရင်းဆေးပညာပိုင်းဆိုင်ရာအရ မှန်ကန်မှုရှိသော တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ စာအုပ်၊ စာပေများ၊ ကြော်ငြာများ ထွက်ပေါ်လာရေး ဝိုင်းဝန်း ဆောင်ရွက်ရန်၊

 

၄။ ဆေးပညာကျင့်ဝတ်နှင့် ကိုက်ညီသော တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများ ဖြစ်ပေါ်လာရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်၊

 

၅။ အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) တွင် တိုင်းရင်းဆေးနှင့် ကျန်းမာရေး ဖြည့်စွက်စာများနှင့် ပတ်သက်၍ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်နှင့်အညီ ဆောင်ရွက်မည်ဖြစ်သောကြောင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများဘက်မှ ကောင်းမွန် သော ထုတ်လုပ်မှုကျင့်စဉ် (GMP guideline) အတိုင်း အတတ်နိုင်ဆုံး ကိုက်ညီအောင် ပြင်ဆင်ထားရှိ ဆောင်ရွက်ရန်၊

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း