၁၃-၇-၂၀၁၇
• မကွေးတိုင်းဒေသကြီးပေါက်မြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
• အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်ကြူကြူ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပါသည်။
• ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်၊ တိုင်းရင်းဆေး ပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါ်ကြူကြူ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ က ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းချီးမြှင့်ခဲ့ကြပါသည်။
• မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်က အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပေါက်မြို့နယ် ဒေသခံ တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
• ထို့နောက် တက်ရောက်လာကြသူများမှ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြပါသည်။