ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပုသိမ်မြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့် ဧရာဝတီတိုင်းဒေသကြီးတိုင်းရင်းဆေးဆရာအသင်း(ခွဲ)တို့ပူးပေါင်း၍ (၁၅.၇.၂၀၁၈) ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီးကန်ကြီးထောင့်မြို့နယ်၊ ညောင်ချောင်းကျေးရွာရှိ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသမှု ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်ဦးရေ (၁၃၀) ဦးနှင့် ဆေးကုမှုလာရောက်ခံယူသူလူနာဦးရေစုစုပေါင်း (၁၀၇) ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။





