the republic of the union of myanmar

ministry of health

Department of Traditional Medicine

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ The Centre for Science and Technology of Non-Aligned and Other Developing Countries (NAM S& T Centre)Joint NAM S &T Centre-ASRT,Egypt Fellow Programme 2019 သင်တန်းသို့ သတ်မှတ်အရည်အချင်းပြည့်မီသူများ လျှောက်ထားနိုင်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

စာအမှတ်၊ တဆပ/နဆရ/၂၀၁၉(  ၆၈၆ )

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်

သို့

          ပါမောက္ခချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့

          ညွှန်ကြားရေးမှူးများအားလုံး(စီမံခန့်ခွဲရေး၊ ကုသရေး၊ ဆေးဝါး/ဥယျာဉ်၊ သု-ဖွံ့)

အကြောင်းအရာ။          ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း အကြောင်းကြားခြင်းကိစ္စ။

ရည် ညွှန်း ချက်။           ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏(၁.၂.၂၀၁၉) ရက်စွဲပါ  စာအမှတ်၊ ၁(က)(၁)၂၀၁၉(၃၄၈၀)ကလရ

အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ The Centre for Science and Technology of Non-Aligned and Other Developing Countries (NAM S& T Centre)Joint NAM S &T Centre-ASRT,Egypt Fellow Programme 2019 သင်တန်းသို့ သတ်မှတ်အရည်အချင်းပြည့်မီသူများသည် ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသဖြင့် တိုင်းရင်းဆေး ပညာဦးစီးဌာနလက်အောက်ရှိ ဌာန အသီးသီးမှလျှောက် ထားလိုသူများသည် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်နှင့်အတူ Email:namstcentre@gmail.com နှင့် namstct@bol.net.in တို့တွင် (၃၁.၃.၂၀၁၉)ရက်နေ့နောက်ဆုံးထား၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထားသူများ စာရင်းအား ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသဖြင့် ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)သို့ (၂၆.၃.၂၀၁၉)ရက်နေ့ထက် နောက်မကျစေဘဲ မိတ္တူပေးပို့နိုင်ပါရန် အသိပေးအကြောင်းကြား အပ်ပါသည်။

ပူးတွဲ(၃)ရွက်

(ဒေါက်တာမိုးဆွေ)         

                                                                                                   ညွှန်ကြားရေးမှူးချုပ်      

မိတ္တူကို

  • ရုံးလက်ခံ/ မျှောစာတွဲ

                 

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ