the republic of the union of myanmar

ministry of health

Department of Traditional Medicine

အာရုံကြောအားနည်းခြင်း

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဖွံဖြိုးရေးဌာနစိတ်နှင့် ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်တို့ ပူးပေါင်း ဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပျက်ပညာပေးရေး အစီအစဉ် (CTME) အခမ်းအနားတွင် အာရုံကြောအားနည်း ခြင်းခေါင်းစဉ်ဖြင့် ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်တွင်ကျင်းပခဲ့ပါသည်။
၎င်းအခမ်းအနားကိုအစီအစဉ်(၇)ရပ်ဖြင့်ကျင်းပပြီး သဘာပတိအဖြစ် ဆရာ ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ၊ ဆေးရုံအုပ်ကြီး(ငြိမ်း) ဦးဝေဝင်း က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ခုတင်(၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှ ဒု-တိုင်းရင်းဆေးမှူး၊ ဒေါ်မြဒါလီလွင်နှင့် တွဲဘက် အခမ်းအနားမှူးအဖြစ် လ/ထ တိုင်းရင်းဆေးမှူး၊ ဒေါ်ခင်လေးမွန် တို့ကဆောင်ရွက်ခဲ့ပါသည်။ အာရုံကြော အားနည်းခြင်း စာတမ်းကို ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး (နေပြည်တော်)မှ တိုင်ရင်းဆေးမှူး၊ ဆရာမ ဒေါ်ခင်ညိုဝင်း  ကဖတ်ကြားပြီး ဆရာ၊ ဆရာမ(၅၉) ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို နေ့လယ်(၁၂: ၀၀)နာရီ တွင် ရုတ်သိမ်းခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ