နေပြည်တော် ၂၀၁၉ မတ် ၅
(၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးတွင် ပေးအပ်ချီးမြှင့်မည့် ၂၀၁၉ ခုနှစ်၊ အာဆီယံဆု (ASEAN Prize)နှင့် စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ မတ်လ (၁၁) ရက်နေ့အတွင်း အမည်စာရင်းလျာထား သတ် မှတ်သွားရန်ဖြစ်ကြောင်း၊ အာဆီယံဆု ၂၀၁၉ အတွက် ကြေငြာခြင်းနှင့် ပြည်သူများအား အသိပေးခြင်းတို့ ပြုလုပ်နိုင်ရန် သတင်းထုတ်ပြန်ချက်၊ အီလက်ထရောနစ် ပိုစတာ၊ အာဆီယံဆု သင်္ကေတအမှတ်အသား၊ လျှောက်လွှာစာရွက်နှင့် လူမှုကွန်ယက်တို့တွင် ထုတ်ပြန်ကြေငြာမည့် စာသားများကို ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ပေးပို့ ပေးသွား မည်ဖြစ်ပါကြောင်း အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ အကြောင်းကြားလာပါသဖြင့် သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။