the republic of the union of myanmar

ministry of health

Department of Traditional Medicine

အရိုးကျီးပေါင်းကြောင့် ဒူးနာခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာပေးအစီအစဉ်  အရိုးကျီးပေါင်းကြောင့်ဒူးနာခြင်းရောဂါအကြောင်း  ဆွေးနွေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာနှင့် နေပြည်တော် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီးတို့ ပူးပေါင်း၍ စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာပေးအစီအစဉ်ကို ၂၀၁၇ ခုနှစ် မေလ ၂၇ ရက်နေ့ နံနက် (၉ : ၀၀) နာရီတွင် နေပြည်တော် ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ဒုတိယ-ညွှန်ကြားရေးမှူး(ဉယျာဉ်) အငြိမ်းစား၊ ဆရာကြီး ဦးစိုးဝင်းမှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးများအဖြစ် ဒေါ်သီတာအေး (ဒုတိုင်းရင်းဆေးမှူး) နှင့် ဒေါ်အေးအေးမော်(လက်ထောက် တိုင်းရင်းဆေးမှူးတို့မှ တာဝန်ယူ ဆောင်ရွက်ခဲ့ကြပါသည်။

 

ရှေးဦးစွာ သဘာပတိ၊ ဆရာကြီးဦးစိုးဝင်းမှ အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ (နေပြည်တော်)မှ အကြီးတန်းတိုင်းရင်းဆေးမှူး ဆရာမဒေါ်ခင်မျိုးမြင့်မှနေ၍ အရိုးကျီးပေါင်းကြောင့် ခါးနာခြင်းနှင့် ဒူးနာခြင်းရောဂါ အကြောင်း တို့ကို ဆွေးနွေးတင်ပြပါသည်။ တက်ရောက်လာသူများမှ ယင်းရောဂါများနှင့် ပတ်သက်ပြီး သိရှိလို သည်များ၊ မိမိတို့၏အတွေ့အကြုံများကို ဝိုင်းဝန်းဆွေးနွေးကြရာ သဘာပတိကြီးနှင့် စာတမ်းရှင် တို့မှ ပြန်လည်ရှင်းလင်းဖြေကြားပြီး ဘဘာပတိကြီးမှ နိဂုံးချုပ် အမှာစကားပြောကြား ကာ အခမ်းအနားကို နေ့လည် (၁၂: ၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

 

အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် တိုင်းဦးစီးဌာနမှူး၊ နေပြည်တော်ခုတင်(၁၀၀)တိုင်းရင်းဆေးရုံအုပ်၊ ဒုတိယဆေးရုံအုပ် နှင့် ဆေးရုံမှ ဆရာ/ ဆရာမများ၊ ခရိုင်ဦးစီးဌာနမှူးများ၊ မြို့နယ်တိုင်းရင်းဆေးမှူးများ၊ ပြင်ပ တိုင်းရင်းဆေးဆရာများ အားလုံးစုစုပေါင်း (၆၄)ဦး တက်ရောက်ခဲ့ပါသည်။

 

အဆိုပါ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးအစီအစဉ်ကို အေးငြိမ်းသီတာ (တိုင်းရင်း ဆေးဝါး ထုတ်လုပ်ရေး) မှ ကူညီပံ့ပိုးပေးပါသည်၊၊

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ