၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ အထွေထွေပြောင်းလဲခွင့် လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့ အစည်းအဝေး (၄/၂၀၂၀) ဆုံးဖြတ်ချက်အရ အထွေထွေပြောင်းလဲခြင်း(၁၁)စောင်၏ လိုအပ်ချက်စာရင်း၊ အထူးပြုထားသော ဆေးအမည်သို့ပြောင်းလဲခြင်းခွင့်မပြု(၁)စောင်၊ စုစုပေါင်း(၁၂)စောင်အား ပူးတွဲပါအတိုင်း ထုတ်ပြန် ကြော်ငြာ လိုက်သည်။
၂။ ဤစာထုတ်ပြန်သည့် နေ့ရက်မှစ၍ (၃)လအတွင်း သက်ဆိုင်ရာလိုအပ်ချက်များကို ပေးပို့ဆောင်ရွက် ရန်နှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး(၄/၂၀၁၉)ဆုံးဖြတ်ချက်အရ (၆)လအတွင်း ပေးပို့ ဆောင်ရွက်ခြင်းမပြုပါက ပယ်ဖျက်မည်ဖြစ်ပြီး ပယ်ဖျက်ပြီးပါက မှတ်ပုံတင်/လိုင်စင်များ ပျက်ပြယ် ကြောင်း ကြေညာမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
၃။ ဤကြော်ငြာစာအမှတ်ကို ရည်ညွှန်း၍ပြင်ဆင်ပြီး တံဆိပ်(၃)စုံ၊ အခြားလိုအပ်ချက်များနှင့်အတူ ပိုင်ရှင် (သို့မဟုတ်) ကြီးကြပ်သူမှ လက်မှတ်ရေးထိုး၍ ပြင်ဆင်တင်ပြစာဖြင့် ပြန်လည်ပေးပို့ရမည် ဖြစ်ပါသည်။