တိုင်းရင်းဆေးပညာဦးစီးဌာနှင့် နေပြည်တော် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီးတို့ ပူးပေါင်း၍ စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာပေးအစီအစဉ်ကို ၂၀၁၇ ခုနှစ် မတ်လ ၁၈ ရက်နေ့ နံနက် (၉ : ၀၀) နာရီတွင် နေပြည်တော် ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ညွှန်ကြားရေးမှူး(ကုသရေး) ဆရာဦးမြင့်ဦးမှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးများအဖြစ် ဒေါ်တင်တင်အေးနှင့် ဒေါ်ဖြိုးဝေထွန်း (ဒု-တိုင်းရင်း ဆေးမှူး)တို့မှ ဆောင်ရွက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲသို့ တိုင်းရင်းဆေးပညာရှင် ဆရာ/ဆရာမ စုစုပေါင်း (၅၁)ဦး တက်ရောက် ခဲ့ပါသည်။ ထို့နောက် နေပြည်တော် ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံမှ ဒု-တိုင်းရင်းဆေးမှူး ဒေါ်သီတာအေးမှနေ၍ အဆစ်ရောင်ရောဂါနှင့်ပတ်သက်ပြီး တိုင်းရင်းဆေးပညာအမြင်၊ အာယုဗ္ဗေဒ အမြင်၊ အနောက်တိုင်းအမြင် တို့ဖြင့် ဖတ်ကြားတင်ပြသွားပြီး ကုသပုံနည်းစနစ်များနှင့် ဆောင်ရန် ရှောင်ရန် များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် မေးမြန်းဆွေးနွေးချက်များကို ဆရာမ ဒေါ်သီတာအေးမှ ပြန်လည်ဖြေကြားပေးပြီး တက်ရောက်လာသူများမှ မိမိတို့၏ အတွေ့အကြုံများကို ဝေမျှဆွေးနွေး ခဲ့ပါသည်။
သဘာပတိ ဆရာဦးမြင့်ဦးမှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို နေ့လည် (၁၁: ၃၀) နာရီတွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
အဆိုပါ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးအစီအစဉ်ကို မောရိယ (တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး) မှ ကူညီပံ့ပိုးပေးပါသည်၊၊