the republic of the union of myanmar

ministry of health

Department of Traditional Medicine

သုတေသနမှူးရာထူး (လစာနှုန်း၊၃၀၈၀၀ဝိ-၄၀၀၀-၃၂၈၀၀ဝိ)နေရာသို့ ရာထူးတိုးလျှောက်လွှာခေါ်ယူခြင်း

၁။  တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့တွင် လစ်လပ်လျက်ရှိသော သုတေသနမှူးရာထူး (လစာနှုန်း၊၃၀၈၀၀ဝိ-၄၀၀၀-၃၂၈၀၀ဝိ)နေရာသို့ အောက်ဖော်ပြပါ ဘွဲ့ တစ်ခုခုရရှိပြီးသူများ  လျှောက်ထားနိုင်ကြောင်း အကြောင်းကြားပါသည်-

(က)    ဆရာဝန်ဘွဲ့(M.Med.Sc(Microbiology))ဘွဲ့ ရရှိပြီးသူဦးစားပေးမည်။

          ( ခ )    မဟာသိပ္ပံဘွဲ့(ဓာတုဗေဒ/ရုက္ခဗေဒ)ရရှိပြီးသူဖြစ်ရမည်။

          ( ဂ )   ဆေးဘက်ပညာသည်တက္ကသိုလ်(သို့မဟုတ်) ဆေးဝါးတက္ကသိုလ်တို့မှ မဟာဘွဲ့ရရှိပြီး သူဖြစ်ရမည်။

          (ဃ)    (၁၈-၁၀-၂၀၁၉)ရက်နေ့၌ ဦးစီးအရာရှိနှင့်အဆင့်တူ (လစာနှုန်း၊၂၇၅၀၀ဝိ-၄၀၀၀-၂၉၅၀၀ဝိ) ရာထူးတွင် လုပ်သက် (၃)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

          ( င )   တိုင်းရင်းဆေးပညာဦးစီးဌာနတွင် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ် ရမည်။

၂။  အထက်ပါ အရည်အချင်းသတ်မှတ်ချက်နှင့် ပြည့်စုံသူများသည် ပူးတွဲပါလျှောက်လွှာပုံစံတွင် ပြည့်စုံစွာဖြည့်စွက်ပြီး၊ ကိုယ်ရေးမှတ်တမ်းများနှင့်အတူ အောင်လက်မှတ်မိတ္တူများဖြင့် ပူးတွဲလျှောက်ထား နိုင်ပါသည်။သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် လျှောက်လွှာများကို စုစည်းစိစစ်၍ လျှောက်ထားသူများအတွက်(ဝဖ)များကို ပြည့်စုံစွာ ပြုစုချိတ်ပိတ်ပြီး သက်ဆိုင်ရာဌာနအကြီးအကဲ၏ ထောက်ခံချက်ဖြင့် (၁၈-၁၀-၂၀၁၉)ရက်နေ့ထက် နောက်မကျစေဘဲ ချိတ်ပိတ်ပေးပို့ပါရန်နှင့် သတ်မှတ်ရက်ထက် နောက်ကျသည့်လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း အကြောင်းကြား အပ်ပါသည်။

ပူးတွဲအပြည့်အစုံဖတ်ရှုပါ
ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ