the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်သမုဌာန်ကုထုံး

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် နေပြည်တော် ခုတင်(၁၀၀)တိုင်းရင်းဆေးရုံကြီးတို့ ပူးပေါင်း၍ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးအစီအစဉ်ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ တွင် နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

 

     အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးဆရာကြီး ဦးသန်းအုန်း မှ ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားမှူးအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကုသရေးဌာနခွဲမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ကြွယ်ကြွယ်စန်း နှင့် နေပြည်တော် ခုတင် ၁၀၀ တိုင်းရင်း ဆေးရုံကြီးမှ လ/ထတိုင်းရင်းဆေးမှူး ဒေါ်ရှိုင်းမေဇာဝမ်း တို့မှ ဆောင်ရွက်ပါသည်။

 

     ထို့နောက် သဘာပတိဆရာကြီး ဦးသန်းအုန်းမှ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သမုဌာန် ကုထုံးခေါင်းစဉ်အကြောင်းကို ဝမ်းပျက်ဝမ်းလျှောရောဂါ အဓိပ္ပါယ်၊ ဝမ်းမီး(၄)မျိုးနှင့် ဝမ်းမီး ပျက်ဆီးခြင်းအလိုက်ဖြစ်သော လက္ခဏာများ၊ ကြည့်ရှုစစ်ဆေးရန်နှင့် ကိုင်တွယ်စမ်းသပ်ရန် အကြောင်းများ၊ ဥဏှတေဇောအကြောင်းခံ ဝါယောလွန်၊ အပူဝမ်းပျက်ဝမ်းလျှော (ပရိဿဝနာ) နှင့် သီတတေဇော အကြောင်းခံ ဝါရောလွန် အအေးဝမ်းပျက် ဝမ်းလျှောရောဂါ တို့၏ လက္ခဏာများ၊ ဓာတ်တရားလွန်ယုတ် ကုထုံး၊ ရှောင်ကျဉ်ရန်၊ လိုက်နာရန်နှင့် ကာကွယ်ရန် နည်းလမ်းများပါ ဆွေးနွေးသွားပါသည်။

 

     ဆက်လက်ပြီး တက်ရောက်လာကြသူ နေပြည်တော် ခုတင် ၁၀၀ ဆံ့တိုင်းရင်းဆေးရုံကြီးမှ (၄၂)ဦး၊ နေပြည်တော် ပြည်ထောင်စုနယ်မြေမှ တိုင်းရင်းဆေးဆရာ (၁၃)ဦး၊ တိုင်းရင်းဆေး ပညာဦးစီးဌာန ရုံးချုပ်မှ (၁၁)ဦး စုစုပေါင်း (၆၆)ဦးတို့မှ မေးမြန်းပြီး၊ မေမြန်းချက်များကို ဆရာကြီး ဦးသန်းအုန်းမှ ပြန်လည်ဖြေကြားခဲပါသည်။

 

     သဘာပတိဆရာကြီး ဦးသန်အုန်းမှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို နေ့လည် ၁၂ : ၀၀ နာရီ တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ