the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဝမ်းကိုက်ရောဂါစာတမ်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာပေးအစီအစဉ်  ဝမ်းကိုက်ရောဂါစာတမ်း ဆွေးနွေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန နှင့် နေပြည်တော် ခုတင်(၁၀၀)တိုင်းရင်းဆေးရုံကြီးတို့ ပူးပေါင်း၍ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးအစီအစဉ်ကို ၂၀၁၆ ခုနှစ် သြဂုတ်လိုင်လ ၂၁ ရက်နေ့ တွင် နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့ပါသည်။

 

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးဆရာကြီး ဦးသန်းညွန့်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)က ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားမှူးအဖြစ် နေပြည်တော် ခုတင် ၁၀၀ တိုင်းရင်းဆေးရုံကြီးမှ လ/ထတိုင်းရင်းဆေးမှူး ဒေါ်နှင်းယုကျော်နှင့် ဒေါ်မြသင်းကြူ တို့က ဆောင်ရွက်ပါသည်။

 

ထို့နောက် သဘာပတိဆရာကြီး ဦးသန်းညွန့်မှ ဝမ်းကိုက်ရောဂါစာတမ်းတွင် တိုင်းရင်းဆေး ပညာနည်းစနစ်အရ ဝမ်းကိုက်ရောဂါသတ်မှတ်ပုံကို သိရှိစေရန်နှင့် တိုင်းရင်းဆေးပညာနည်း စနစ်အရ ဝမ်းကိုက်ရောဂါကို ယူဆနည်း၊ ကုသနည်းများကို သိရှိစေရန် ရည်ရွယ်၍ ဝမ်းကိုက် ရောဂါအဓိပ္ပါယ်၊ ဝမ်းကိုက်ရောဂါဖြစ်ပုံ၊ ဝမ်းကိုက်ရောဂါ အမျိုးအစားများ၊ သံဂဟဏီ၊ ဝမ်းကိုက် ရောဂါနှင့် ကုစား၍မရသော လက္ခဏာများ၊ ရောဂါအန္တရာယ်များနှင့် ရောဂါအဆုံးအဖြတ်များ၊ သံဂဟဏီ(ဝမ်းကိုက်ရောဂါ)နှင့် ဆေးနည်းများအကြောင်း ဆေး၏ ဆေးစွမ်းအကျိုးအာနိသင်များ ကို ပြောကြားသွားပါသည်။

 

ဆရာကြီးဦးသန်းညွှန့်၏ ဝမ်းကိုက်ရောဂါစာတမ်းကို နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံမှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်ခင်မျိုးမြင့် က ဖတ်ကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများမှ မေးမြန်းဆွေးနွေးချက်များကို မေမြန်းချက်များကို ဆရာကြီး ဦးသန်းညွန့်မှ ပြန်လည်ဖြေကြားခဲပါသည်။

 

သဘာပတိဆရာကြီး ဦးသန်းညွှန့်မှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို နေ့လည် ၁၂ : ၀၀ နာရီ တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ