"လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်စေရန်အတွက် အရည်အသွေးပြည့်၀သည့် တိုင်းရင်းဆေးပညာရှင်များ ပိုမိုလေ့ကျင့်သင်ကြားမွေးထုတ်ပေးရန်"
(အဆိုပြုတင်ပြချက်)
လေးစားအပ်ပါသောသဘာပတိကြီးနဲ့ သဘာပတိအဖွဲ့ဝင်များခင်ဗျား/ရှင့် .....
(၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံသို့ တက်ရောက်လာကြတဲ့ သဘာပတိကြီးနှင့် သဘာပတိအဖွဲ့ဝင်များ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကြီးများ၊ တိုင်းဒေသကြီးများနှင့် ပြည်နယ် အသီးသီးမှ တိုင်းရင်းဆေးသမား တော်များညီလာခံကိုယ်စားလှယ်တော်ကြီးများစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းသုခအဖြာဖြာနှင့် ပြည့်စုံကြပါစေလို့ ရှေးဦးစွာ နှုတ်ခွန်းဆက်သဂါရဝပြု အပ်ပါတယ်ရှင်/ခင်ဗျား။
ကျွန်တော်/ကျွန်မကတော့……………….တိုင်းဒေသကြီး/ပြည်နယ်………….......... .မြို့ နယ်မှ တိုင်းရင်းဆေးသမားတော် ဦး/ဒေါ်……………….ဖြစ်ပါတယ်။
လေးစားအပ်ပါသောသဘာပတိကြီးနဲ့ သဘာပတိအဖွဲ့ဝင်များခင်ဗျား/ရှင့် .....
ယနေ့ကျင်းပပြုလုပ်တဲ့ (၁၉)ကြိမ်မြောက်၊ မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံကြီးမှာလူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက် စေရန်အတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ပိုမိုလေ့ကျင့်သင်ကြားမွေးထုတ်ပေးရန် ဆိုတဲ့ ကျွန်တော်/ကျွန်မတို့ တိုင်းရင်းဆေးပညာရှင်များအတွက်အဓိကကျလှသောအဆိုတစ်ရပ်ကိုတင်သွင်းခွင့်ရတဲ့အတွက် အလွန်ဝမ်း မြောက် ဂုဏ်ယူမိပါတယ်ခင်ဗျား/ ရှင့်။
လေးစားအပ်ပါသောသဘာပတိကြီးနှင့် သဘာပတိအဖွဲ့ဝင်များခင်ဗျား / ရှင့်။
မြန်မာ့တိုင်းရင်းဆေးပညာဟာတကောင်းခေတ်မှသည် ယနေ့အထိ ခေတ်အဆက်ဆက် ပြည်သူလူထုရဲ့ ကျန်းမာရေးကိုစောင့်ရှောက်ပေးနေဆဲ ဖြစ်ပါတယ်။ ယနေ့ခေတ် တိုင်းရင်းဆေး ပညာရှင် များရဲ့ လူ့စွမ်းအားဖွံ့ဖြိုးမှုကဏ္ဍကို အနည်းငယ်ဖော်ပြရမည်ဆိုလျှင်ပထမဦးစွာ (၃)ဘာသာ (ဒ၊ဘ၊ဗ) စာမေးပွဲများကို(၅)ကြိမ် ကျင်းပပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ၎င်း(၃)ဘာသာ စာမေးပွဲအောင်မြင်ပြီးသူ ဆရာ၊ ဆရာမများကို သင်ကြားရေး၊ ကုသရေးဆရာများအဖြစ် နိုင်ငံတော် အစိုးရမှ ခန့်အပ်ခဲ့ပါတယ်။ ထို့ကြောင့် တိုင်းရင်းဆေးသိပ္ပံကို ၁၉၇၆ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ဖွင့်လှစ်သင်ကြားခဲ့ပြီးအပါတ်စဉ်(၃၀)အထိ ဖွင့်လှစ်ခဲ့ကာ ဒီပလိုမာလက်မှတ်ရ တိုင်းရင်းဆေးပညာရှင် (၁၃၀၀)ဝန်း ကျင်ခန့် မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ထို့ပြင် မန္တလေးမြို့၊ တိုင်းရင်းဆေး သိပ္ပံ၌ တိုင်းရင်းဆေးပညာဒီပလိုမာသင်တန်းများအပြင် (၄)ဘာသာ (ဒ၊ဘ၊န၊ဝ) စာမေးပွဲတစ်ကြိမ် ကျင်းပပေးခြင်း၊ တိုင်းရင်းဆေး ဆရာ (၁)နှစ် သင်တန်းကိုမန္တလေးမြို့တွင် အမှတ်စဉ်(၁)မှ (၅)ထိနှင့် ရန်ကုန်မြို့ တွင် (၁)မှ (၃)ထိကျင်းပပေးခြင်းဖြင့် နိုင်ငံတော်ရဲ့ လိုအပ်ချက်ဖြစ်တဲ့ တိုင်းရင်းဆေးပညာရှင်များကို မွေးထုတ်ပေးခဲ့ပါတယ်။ ထိုမှတဖန် (၂၀၀၁)ခုနှစ်မှစပြီးယခုထိ တိုင်းရင်းဆေးတက္ကသိုလ်ကြီးက မြန်မာ့ တိုင်းရင်းဆေးပညာဘွဲ့၊ မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ရ တိုင်းရင်းဆေး ပညာရှင်များ မွေးထုတ်ပေးလျက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ယခုလက်ရှိ အချိန်အထိလည်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် တိုင်းရင်းဆေးသိပ္ပံဆင်းပညာရှင်များကို တိုင်းရင်းဆေးတက္ကသိုလ်မှာ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (ပေါင်းကူး) (၂)နှစ် သင်တန်းများကို အဆင့်မြင့် ဖွင့်လှစ်သင်ကြားပေးခဲ့တာခြောက်နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။