the republic of the union of myanmar

ministry of health

Department of Traditional Medicine

မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးဖြစ်သဖြင့် အများပြည်သူများ သုံးစွဲရန်မသင့်လျော် ကြောင်း အသိပေးခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၁။      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ် အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင် ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။

၂။       ယင်းသို့စစ်ဆေးရာတွင် စျေးကွက်အတွင်းရောင်းချလျက်ရှိသော အောက်ဖော်ပြပါတိုင်းရင်း ဆေးဝါးသည် အနောက်တိုင်းဆေးရောနှောပြီး မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးဖြစ်သဖြင့်  စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်လျော် ကြောင်း အသိပေးအပ်ပါသည်။

စဉ်

အမှတ် တံဆိပ်

ဆေးအမည်

ဆေးဝါး ပုံစံ

ထုတ်လုပ်/ ဖြန့်ချိဌာန

ရောနှောသည့် အနောက်တိုင်းဆေး

၁။

ရွှေဆေး

အဆစ်အမျက် အကိုက်အခဲ သောက်ဆေး

ဆေးမှုန့် / ဆေးထုပ်

ရွှေတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးဆေးတိုက်၊ လှိုင်သာယာ စက်မှုဇုန်၊ ရန်ကုန်မြို့။

Diclofenac

      ဘေးထွက်ဆိုးကျိုးများအနေဖြင့် ဓာတ်မတည့်ခြင်း၊  ခေါင်းမူးခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ရင်ပူခြင်း၊  မျက်စိအမြင်ဝါးခြင်း၊ ဗိုက်နာခြင်း၊  အစာအိမ်အနာဖြစ်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း သွေးကြော ပေါက်ခြင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်း၊ အသားဝါခြင်း၊ သွေးကြောတွင်းသွေးခဲခြင်းနှင့် ကျောက်ကပ် ပျက်စီးခြင်း စသည်တို့ ဖြစ်စေနိုင်ပါသည်။

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့