the republic of the union of myanmar

ministry of health

Department of Traditional Medicine

မြန်မာ့တိုင်းရင်းပရဆေးဥယျာဉ်ကိုပြင်ဦးလွင်မြို့တွင် တည်ထောင်စိုက်ပျိုးမည်

ပြင်ဦးလွင်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးမှဦးစီးပြီး မြန်မာ့တိုင်းရင်း ရဆေးဥယျာဉ်တစ်ခုကိုမန္တလေး- ပြင်ဦးလွင်ကားလမ်းဘေးမိုင်တိုင်အမှတ် (၃၀/၆)အနီး သုံးထောင်ကျေးရွာအုပ်စု ကျောက်ဖျာဒိုကျေးရွာ၊ ပြင်ဦးလွင်မြို့တွင် တည်ထောင်စိုက်ပျိုးသွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ တိုင်းရင်းဆေးမှူးဆရာဦးစောယုသန်းမှ (၁၉.၈.၂၀၁၈)ရက်၊ တနင်္ဂနွေနေ့တွင် ပြောကြားသွားပါသည်။

၎င်းပရဆေးဥယျာဉ်တွင် မန္တလေးတိုင်းဒေသကြီးနှင့် လိုက်ရောညီထွေသည့် ဆေးပင်များဖြစ်သည့် ကံ့ကော်၊ ကရမက်၊ ခံတက်၊ တရော်၊ နလင်ကျော်၊ ဖန်ခါး၊ တောရှောက်၊ ရှောက်၊ ဆီးဖြူ၊ နံ့သာဖြူ၊ သစ်ဆိမ့်၊  မက်လင်ချဉ်၊ ရင်းပြား၊ ဝံအူ၊ သစ်ကြံပိုး၊ ကရဝေးပင်များနှင့် နှစ်တိုဆေးပင်များအဖြစ် တပင်တိုင်မြနန်း၊ ပိတ်ချင်း၊ ရှဉ့်မတက်၊ ကင်ပွန်းချဉ်၊ ဆင်တုံးမနွယ်၊ မုရားကြီး၊ ရဲယို၊ နနွင်းနက်၊ နနွင်းတိမ်ပြာ၊ စောင်းလျား၊ ပင်မှည့်၊ ဣဿရမူလီ၊ သင်္ဘော၊ ဒန့်သလွန်၊ ကျောက်ကွဲ၊ ရေဝါး၊ ဖားကြော၊ ကျားမုတ်ဆိတ်၊ ရှားစောင်းလက်ပပ်စသည့် အပင်များကို အဓိကစိုက်ပျိုးသွားမည်ဖြစ်ပါသည်။

ပရဆေးဥယျာဉ်အတွင်းဆေးဖက်ဝင်သစ်ပင်မျိုးစုံတို့ကိုစိုက်ပျိုးပြုစုပျိုးထောင်ပြီးအကြောအရိုးအဆစ်ရောဂါ၊ အဖျား၊ ဆီးချိုသွေးချိုရောဂါ၊ အနာပေါက်ရောဂါ၊ မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ ကလေးရောဂါနှင့် အထွေထွေရောဂါတို့ကို ကုသပေးသွားမှာဖြစ်သည့်အပြင် မြန်မာ့တိုင်းရင်းဆေးဝါး သုံးစွဲသူများအနေဖြင့် ဆေးဖက်ဝင်အပင်များ၏ ပုံသဏ္ဍာန်၊ မျိုးရိုးလက္ခဏာကိုသိရှိပြီး ဆေးပစ္စည်း အစစ်အမှန်များကိုသုံးစွဲနိုင်ကြမည်ဖြစ်၍ ပြည်သူလူထု အတွက်လည်း အကျိုးကျေးဇူးများစွာ ရရှိစေမှာဖြစ်ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ