the republic of the union of myanmar

ministry of health

Department of Traditional Medicine

မြန်မာ့တိုင်းရင်းဆေးပညာရှင်များနှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းနားတွင် ပြောကြားမည့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ အဖွင့်အမှာစကား

(၁၈) ကြိမ်မြောက် မြန့်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို တက်ရောက်ကြသော တိုင်းရင်းဆေးသမားတော်များနှင့်ညီလာခံ ကိုယ်စားလှယ်တော်ကြီးများ အားလုံးကိုယ်ကျန်းမာ၊ စိတ်ချမ်းသာလို့ မင်္ဂလာအပေါင်းနှင့်ခညောင်းကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်း ရင်းနှီးချစ်ခင်စွာ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။

 

အားလုံးသိရှိပြီးကြတဲ့အတိုင်း (၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကြီးကို မြန်မာ့တိုင်းရင်းဆေးလောကဘက်စုံ အဆင့်အတန်းမြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာ အရည်သွေးတိုးတက်ရေး၊ မြန်မာ့တိုင်းရင်းဆေးပညာရှင်တို့၏ ကျင့်ဝတ်သိက္ခာမြင့်မားရေး၊ မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပြည်သူများ၏ကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှုပေးနိုင်ရေး၊ မြန်မာ့တိုင်းရင်းဆေးပညာဖွ့ံဖြိုးတိုးတက်ရေးနှင့် မြန်မာ့တိုင်းရင်းဆေးဝါးများ ပိုမိုကောင်းမွန်လာစေရေးအစရှိတဲ့ ရည်ရွယ်ချက်တွေနှင့်အတူ ယမန်နေ့က နိုင်ငံတော်အဆင့် အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ကောင်းမြတ်သော သမိုင်းကြောင်းအစဉ်လာကောင်းများနှင့် ထုံမွှမ်းအပ်သည့် မြန်မာ့တိုင်းရင်းဆေးပညာကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ အဲ့ဒီကတစ်ဆင့်ဖွ့ံဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရကအားပေးအားမြှောက်ပြုနေသလို ကျွန်မတို့တိုင်းရင်းဆေးလောကသားများ အားလုံးကလည်းညီညီညွတ်ညွတ်နှင့် ၀ိုင်းဝန်းကြိုးစားသွားကြရမှာဖြစ်ပါတယ်။

 

ဒီကနေ့တော့ဖြင့် မြန်မာ့တိုင်းရင်းဆေးပညာရှင်များရဲ့ နှီးနှောဖလှယ်ပွဲအခမ်းအနားဖြစ်ပါတယ်ရှင်။ ဒီကနေအခမ်းအနားဟာလည်း ညီလာခံကိုယ်စားလှယ်တော်ကြီးများ ယမန်နေ့ညီလာခံကြီးမှာမြန်မာ့တိုင်းရင်းဆေးလောကကြီးတိုးတက်ဖို့အတွက် အားတက်သရော အဆိုတင်သွင်းပြီး ထောက်ခံဆွေးနွေးခဲ့ကြတဲ့ ခေါင်းစဉ်၊ လုပ်ငန်းစဉ်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲဆိုတဲ့ အပိုင်းကိုဆွေးနွေးကြရမှာမို့လို့ အလွန်အရေးကြီးတဲ့ အခမ်းအနားဖြစ်ပါတယ်။ တက်ရောက်လာကြတဲ့ ညီလာခံကိုယ်စားလှယ်တော်ကြီးများသိရှိပြီးတဲ့အတိုင်းအဆိုတင်သွင်းပြီးထောက်ခံဆွေးနွေးခဲ့ကြတဲ့ ခေါင်းစဉ်၊ လုပ်ငန်းစဉ်တွေကတော့ မြန်မာ့တိုင်းရင်းဆေးပညာ၏ သမားစဉ်ကုထုံးနည်းစနစ်များနှင့် အစွမ်းထက်ဆေးဝါးများကိုရောဂါအလိုက် ရှာဖွေဖော်ထုတ်၍ တိုင်းရင်းဆေးရုံများနှင့် တိုင်းရင်းဆေးကုဌာနများတွင် လက်တွေ့အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ မြန်မာ့တိုင်းရင်းဆေးပညာ အဆင့်အတန်းကိုနိုင်ငံတကာအဆင့်သို့ မြှင့်တင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးပညာပေးခြင်းကို အိမ်ရှင်မထံရောက်ရှိအောင် ဆောင်ရွက်ပေးရန်၊ နယကြီး(၄) ပါးကိုအခြေခံသည့် မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံးနည်းစနစ်များကို အမျိုးသားရေးအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ ခေတ်အဆက်ဆက် တိုင်းရင်းဆေးပညာသင်ကြားရေးနည်းစနစ် ဆန်းစစ်သုံးသပ်ရန် မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ပြန့်ပွားရေးအတွက် ၀ိုင်းဝန်းကြိုးပန်းဆောင်ရွက်နိုင်ရန် ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။

 

ဒီအဆိုပြုချက်တွေကိုအောင်မြင်လွယ်ကူစွာအကောင်ထည်နိုင်ရန်အတွက် ယခုအခမ်းအနားတက်ရောက်လာကြတဲ့ တိုင်းရင်းဆေးကောင်စီဝင်သမားတော်ကြီးများ၊ တိုင်းရင်းဆေးဆရာအသင်းများမှ သမားတော်ကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ သမားတော်များနှင့် ပညာရှင်များ၊ တိုင်းရင်းဆေးနှင့်နှီးနွယ်ပညာရှင်များအားလုံးဟာမိမိတို့၏အသိညဏ် အတွေ့အကြုံတွေကို အစွမ်းကုန်အသုံးချပြီးပူးပေါင်းဆောင်ရွက်ဆွေးနွေးကြမယ်လို့ ယုံကြည်မိပါတယ်။

 

နေ့ခင်းဖက်မှာလည်းအဲ့အဆို (၅)ရပ်ထဲကအရေးကြီးတဲ့ အဆိုနှစ်ရပ်ကို ယခင်နှစ်များနဲ့မတူဘဲ ၀ိုင်းဖွဲ့ဆွေးနွေးပုံစံနှင့် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒါကလည်းဒီနှစ်မှ စတင်လုပ်ဆောင်ခြင်းဖြစ်တဲ့အတွက် လိုအပ်ချက်တွေရှိကောင်းရှိနိုင်မှာဖြစ်ပေမဲ့ ဆွေးနွေးပွဲပုံစံသစ်တစ်ခုနဲ့ ကျွန်မတို့စတင်ပြီးဝိုင်းဝန်းလုပ်ဆောင်ကြမှာဖြစ်ကြောင်းတင်ပြအပ်ပါသည်။

 

ဒါမှလည်း "စည်းလုံးညီညာအောင်ကြောင်းဖြာ" ဆိုတဲ့စကားအတိုင်း အားလုံးတက်ညီလက်ညီ ပေါင်းစည်းကြိုးပမ်းမှုများကြောင့် ရရှိလာတဲ့ အကျိုးရလာဒ်ကောင်းများဟာ မြန်မာ့တိုင်းရင်းဆေးလောကသမိုင်းတစ်ခေတ်အတွက် မော်ကွန်းကဗ္ဗည်းသဖွယ် ဖြစ်လာပါလိမ့်မယ်။ "မိုင်တစ်ထောင်ခရီး၏အစသည် ခြေလှမ်းတစ်လှမ်းပင်ဖြစ်သည်" လို့ဆိုတဲ့အတိုင်း အနာဂတ်မြန်မာ့တိုင်းရင်းဆေးလောက ကမ္ဘာ့အဆင့်မှီသည်အထိ အောင်မြင်ထွန်းတောက်စေရန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအနက် ယခုကျင်းပမဲ့ (၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတာ်များ နှီးနှောဖလှယ်ပွဲသည် ခြေလှမ်းများစွာထဲမှခြေလှမ်းတစ်လှမ်းဖြစ်ပါတယ်။

 

ကျွန်မတို့ဦးစီးဌာနနေနှင့်လည်း မြန်မာ့တိုင်းရင်းဆေးဖွံ့ဖြိုးတိုးတက်ရေးကိုစီမံကဏ္ဍ၊ ကုသရေးကဏ္ဍ၊ ဆေးဝါးနှင့်ပရဆေးဥယျာဉ်ကဏ္ဍ၊ သုတေသနကဏ္ဍ၊ ဖွံ့ဖြိုးရေးကဏ္ဍ အစရှိတဲ့ကဏ္ဍတွေကိုစည်းချက်ကျကျ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတာ၊ တိုးတက်နေတာကိုလည်းတွေ့မြင်ကြရမှာဖြစ်ပါတယ်။ သိသာထင်ရှားမှုတွေကတော့ ဒေသနာနယသင်တန်းများ၊ အကြောသင်တန်းများနှင့် အခြားရောဂါကုသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ သတင်းလွှာများထုတ်ဝေခြင်း၊ ဌာနသုံးဆေးနည်းများနှင့် သမားစဉ်ဆေးဖုံများ စာအုပ်ပြန်လည်ပြင်ဆင်ထုတ်ဝေခြင်း၊ FDA နှင့် post marketing survey များပြုလုပ်ကာသုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါးများကိုကြေညာခြင်း၊ ICD-10 နှင့် ရောဂါအမည်တပ်ခြင်းများကို တိုင်းရင်းဆေးပညာရှင်များနှင့် နှီးနှောပညာရှင်များ အားလုံးပူးပေါင်းပြီး ဆောင်ရွက်နိုင်ခဲ့ခြင်း၊ CTME များကိုလည်းတစ်နိုင်ငံလုံး တူညီတဲ့ခေါင်းစဉ်တွေနဲ့တစ်လတစ်ကြိမ်ကျင်းပပြုလုပ်နိုင်ခြင်း၊ ဆေးရုံဆေးခန်းများမှာ အနဲဆုံးတစ်လလျှင်တစ်ကြိမ် ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံမှာ ပထမဦးဆုံးလက်ခံကျင်းပတဲ့ မဲခေါင်ဒေသတွင်း နိုင်ငံများဆိုင်ရာ တိုင်းရင်းဆေးနှင့်ဆက်စပ်ပစ္စည်းများပြပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခြင်း၊ တိုင်းရင်းဆေးသုတေသနလမ်းပြမြေပုံကိုရေးဆွဲနိုင်ခဲ့ခြင်း၊ တိုင်းရင်းဆေးသုတေသန အမျိုးစားပေါင်းစုံကိုပြုလုပ်နေခြင်း အစရှိသည်တို့ဖြစ်ပါတယ်။ မဖြစ်မနေပြုလုပ်ဆောင်ရွက်ကြရမဲ့ ကျန်ရှိနေသေးတဲ့ ကိစ္စတွေကိုလည်းအချင်းချင်း လက်တွဲခေါ်ဆောင်ကူညီဖေးမပြီးသွားရမဲ့ပန်းတိုင်ရောက်အောင် ဖြည်းဖြည်းချင်း သွားကြရမှာပဲ ဖြစ်ပါတယ်။

 

ဒီလိုဆောင်ရွက်နေမှုအပြင် ယခု (၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ နှီးနှောဖလှယ်ပွဲကိုတက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တော်ကြီးများရဲ့ ပူးပေါင်းဆောင်ရွက်မှုများကနေထွက်ပေါ်လာတဲ့ အကြံညဏ်တွေ၊ အတွေ့ကြံုတွေမှ တစ်ဆင့် ယခုလက်ရှိသွားရမဲ့လမ်းကြောင်းကို များစွာအရှိန်အဟုန်မြှင့်တင်စေနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဦးစီးဌာနအနေနှင့်လည်းဒီကနေ့ချမှတ်ကြမယ့် လုပ်ငန်းစဉ်တွေထဲကမှ ချက်ချင်းဆောင်ရွက်နိုင်တာတွေကို ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ ရေရှည်စီမံဆောင်ရွက်ရမှာတွေကို အခြေနေပေး၍ တစ်ဆင့်စီဆောင်ရွက်သွားမှာဖြစ်ကြောင်းအသိပေးတင်ပြလိုပါတယ်။ ယနေ့နှီးနှောဖလှယ်ပွဲကို တက်ရောက်လာကြသော တိုင်းရင်းဆေးသမားတော်ကြီးများဟာ "မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအား မြန်မာ့တိုင်းရင်းဆေးပညာဖြင့် အလုပ်အကျွေးပြုအံ့" ဆိုသည့်ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံသူ နိုင်ငံသားများမြန်မာ့တိုင်းရင်းဆေးပညာဖြင့် ဆထက်တန်ပိုးတိုးပြီးအလုပ်အကျွေးပြုနေနိုင်ရုံသာမက မြန်မာ့တိုင်းရင်းဆေးပညာစွမ်းပကား ကမ္ဘာအထိ်ပျံ့နှ့့ံရောက်ရှိအောင် အားထုတ်ကြိုးပမ်း ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း