တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် နေပြည်တော် ခုတင်(၁၀၀)တိုင်းရင်းဆေးရုံကြီးတို့ ပူးပေါင်း၍ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးအစီအစဉ်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ တွင် နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးဆရာကြီး ဦးသောင်းလွင် (တိုင်းရင်းဆေးကောင်စီဝင်) မှ ဆောင်ရွက်ခဲ့ပါသည်။
ဆွေးနွေးပွဲသို့ တိုင်းရင်းဆေးပညာရှင် ဆရာ/ဆရာမ စုစုပေါင်း (၅၂)ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးမှူး၊ ဒေါ်ခင်မေထွေးမှ မြန်မာအမျိုးသမီးတိုင်းသတိပြုစရာ မီးယပ်အဖြူဆင်းဝေဒနာအကြောင်း နှင့် ပတ်သက်၍ တိုင်းရင်းဆေးပညာအမြင်၊ အာယုဗ္ဗေဒအမြင်၊ အနောက်တိုင်းဆေးပညာအမြင်တို့ဖြင့် ဖတ်ကြားတင်ပြ သွားပြီး ကုသပုံနည်းစနစ်များနှင့် ဆောင်ရန်ရှောင်ရန် တို့ကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။ ထို့နောက် မေးမြန်းဆွေးနွေးချက်များကို ဆရာမ ဒေါ်ခင်မေထွေး မှ ပြန်လည်ဖြေကြားခဲ့ပြီး တက်ရောက်လာကြသူများမှ မိမိတို့၏ အတွေ့အကြုံများကို ဝေမျှဆွေးနွေးပေးခဲ့ပါသည်။
သဘာပတိ ဦးသောင်းလွင် မှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို နေ့လည် ၁၂ : ၀၀ နာရီ တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
အဆိုပါ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးအစီအစဉ်ကို အောင်ဇေယျမင်း (တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ကူညီပံ့ပိုးပေးပါသည်။