the republic of the union of myanmar

ministry of health

Department of Traditional Medicine

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BIMSTEC နိုင်ငံများအစည်းအဝေး၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး

နေပြည်တော် ၂၀၁၈  နိုဝင်ဘာ ၅

 

တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးအမှတ် ၄၇ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀:၀၀ နာရီတွင် The Second Meeting of the BIMSTEC Task Force on Traditional Medicine လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦကအမှာစကားပြောကြားရာတွင်-

  • BIMSTEC ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက် နှင့် ၄ ရက်နေ့များတွင် နေပြည်တော်ရှိ M Gallery Hotel တွင် ကျင်းပမည် ဖြစ်ကြောင်း၊
  • လုပ်ငန်းကော်မတီတွင် ပါဝင်သည့် သူများသည် ဒီထက်မက ပိုမိုကြိုးစားဆောင်ရွက် စေလိုကြောင်း၊
  • မိမိတို့နိုင်ငံမှ အိမ်ရှင်အဖြစ်ဆောင်ရွက်မည်ဖြစ်သဖြင့် နိုင်ငံ့ဂုဏ်ကို ထိန်းသိမ်းဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြောကြားပါသည်။

အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာနမှတာဝန်ရှိသူများနှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခအပါအဝင် ပညာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြပါသည်။ အစည်းအဝေးကို နေ့လယ် ၂ ၀၀ နာရီတွင် ရပ်နားခဲ့ပါသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ