မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) အလုပ်အမှုဆောင်အဖွဲ့ လုပ်ငန်း တာဝန်များ လွှဲပြောင်းပေးအပ်လက်ခံခြင်း အခမ်းအနားကို ယနေ့ နံနက် (၉:၀၀)နာရီတွင် ချင်းရွာ၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်ရှိ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဦးမိတ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် ယခင်မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ဗဟို)ဥက္ကဋ္ဌ ဆရာကြီး ဦးသန်းညွန့်မှ ယခု ပဥ္စမအကြိမ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ ဆရာ ဦးစိုးဝင်းအား မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို) အလုပ်အမှုဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၏ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။