၂၀၁၈ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် “မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်သစ်များ ဝင်ရောက်ရေးဆွေးနွေးပွဲ”ကိုကျင်းပခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် နေပြည်တော်တိုင်းဒေသကြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင် ညွှန်ကြားရေးမှူး ဦးစိုးနိုင်က အသင်းဝင်ရောက်ခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင် ဦးစီးအရာရှိ ဒေါ်တိုးတိုးအေးက မြန်မာနိုင်ငံကြက်ခြေနီအသင်း စတင်ပေါ်ပေါက်ချိန်မှစတင်ပြီး ယနေ့အချိန်အထိ ကြက်ခြေနီအသင်း၏လှုပ်ရှားမှုများကို အသေးစိတ် Power Point ဖြင့်ရှင်းလင်း တင်ပြခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသူပုဂ္ဂိုလ်များထဲမှ အသင်းဝင်ကြေးတစ်သိန်းစီ အရစ်ကျ (၁၀)ရစ် ပါဝင်ပေးသွင်းပြီး အသင်းဝင်ရောက်ကြသော စီမံရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခင်မောင်သန်း၊ ကုသရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ဦး၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇော်လင်းတို့က သိရှိလိုများကိုမေးမြန်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာကြသူများထဲမှလည်း စိတ်ပါဝင်စားသူများက သိရှိ လိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက ပြန်လည်ရှင်းပြ အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။