the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းရင်းဆေးဝါးစက်ရုံဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

၂၀၁၉ ခုနှစ်၊ မတ်လ (၁၉)ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးဝါး စက်ရုံ(မန္တလေး) ဖွင့်ပွဲအခမ်းအနား ကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ တိုင်းရင်းဆေးဝါးစက်ရုံ၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တက်ရောက်ဖွင့်လှစ်ပေး အဖွင့်အမှာ  စကားပြောကြားခဲ့ပါသည်။
ပထမဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ မြို့တော်ဝန်ဒေါက်တာရဲလွင်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေတို့က တိုင်းရင်းဆေးဝါးစက်ရုံ (မန္တလေး) ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းဆိုင်းဘုတ်ကို အမွေးနံသာရည်ဖြင့် ပက်ဖျန်းပေး ခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် တိုင်းရင်းဆေးဝါးစက်ရုံအတွင်း ဝင်ရောက်၍ တိုင်းရင်းဆေးဝါးကုန်ကြမ်းများသိုလှောင်ခြင်း၊ သန့်စင်ခြင်း၊ အခြောက်လှန်းခြင်း၊ ကြိတ်ခွဲအမှုန့်ပြုလုပ်ခြင်း၊ ထုတ်ပိုးခြင်းစသည့် ဆေးဝါးထုတ်လုပ်ပုံလုပ်ငန်းစဉ် အဆင့်ဆင့်ကို လေ့လာကြည့်ရှုခဲ့ကြပါသည်။
ဆက်လက်ပြီး တိုင်းရင်းဆေးဝါးစက်ရုံ ဧည့်ခန်းမ၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌

  • ဤကဲ့သို့ တိုင်းရင်းဆေးဝါးစက်ရုံသစ်ကြီးကို အမျိုးမျိုးသော အခက်အခဲကြားမှ ဖွင့်လှစ်လည်ပတ်နိုင်အောင် ကြိုးစားဆောင်ရွက်ခဲ့ကြသည့် တိုင်းရင်းဆေးပညာဦးစီးဌာမှ တာဝန်ရှိ သူများ၊ ကူညီပံ့ပိုး၍ အကြံဉာဏ်ပေးခဲ့သည့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ဂျပန်အဖွဲ့နှင့် တိုင်းရင်းဆေးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊
  • ဤတိုင်းရင်းဆေးဝါးစက်ရုံသစ်ကြီးအား (၂၀၁၂-၂၀၁၃) ခု ဘဏ္ဍာနှစ်မှစ၍ စတင် ဆောက်လုပ်ခဲ့ရာ တည်ဆောက်ရေးလုပ်ငန်းများအတွက် ကျပ်ငွေ (၃.၆၅)ဘီလီယံနှင့် စက်နှင့်စက်ပစ္စည်းများအတွက် ကျပ်ငွေ (၁.၀၂) ဘီလီယံ စုစုပေါင်းကျပ်ငွေ (၄.၆၇) ဘီလီယံ ကျခံသုံးစွဲခဲ့ရသည့်အတွက် ကုန်ကျငွေ နှင့်ထိုက်တန်သည့်အကျိုးရလဒ်နှင့် စွမ်းဆောင် ရည်အပြည့် ထုတ်လုပ်လည်ပတ်နိုင်ရန် ဆောင်ရွက် သွားရန် အရေးကြီးပါကြောင်း၊
  • ယခုစက်ရုံ စတင်ဖွင့်လှစ်သည့်အချိန်၌ အပြည့်အဝထုတ်လုပ်လည်ပတ်နိုင်ခြင်း မရှိသေးသော်လည်း အလုံးစုံအပြည့်အဝလည်ပတ်ထုတ်လုပ်နိုင်အောင် လိုအပ်သော ဘဏ္ဍာငွေများကို (၂၀၁၉-၂၀၂၀) ခု ဘဏ္ဍာနှစ်၌ ဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း၊
  • ထိုကဲ့သို့ အပြည့်အဝလည်ပတ်နိုင်အောင်အတွက်လည်း စက်ရုံ၏ဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အားကိုလည်း တိုးချဲ့ပြင်ဆင်ဖွဲ့စည်းသွားရန် လိုအပ်မည်ဖြစ်ပြီး သုတေသနဌာန၊ စီမံကိန်းဌာန၊ သတင်းအချက်အလက်နှင့် စာရင်းဇယားမှတ်တမ်းဌာန၊ လေ့လာ သုံးသပ်စောင့်ကြည့်ရေးဌာနများ ဖွဲ့စည်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊
  • တိုင်းရင်းဆေးဝါးစက်ရုံ ပိုမိုတိုးတက်ဖွံ့ဖြိုးပြီး အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ် ကင်းသောဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် တိုင်းရင်းဆေးတက္ကသိုလ်၊ ဆေးသုတေသနဦးစီးဌာန၊ ဆေးဝါးတက္ကသိုလ်များနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့တို့နှင့် ပူးပေါင်း၍ လက်တွေ့အသုံးချသုတေသနနှင့် အခြေခံသုတေသန များကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထုတ်လုပ်မှုအပိုင်းသာမက၊ သုံးစွဲသည့်အပိုင်းတို့နှင့် သက်ဆိုင်သော တိုင်းရင်းဆေးဝါးတွင်ပါဝင်သော ပစ္စည်းအမျိုးအမည်နှင့် ပါဝင်မှုအချိုးအစား၊ သောက်သုံးရမည့် ပမာဏ၊ အကြိမ်အရေ အတွက်တို့နှင့်ပတ်သက်၍ သုတေသနပြုလုပ်ရန်လိုအပ်ကြောင်း၊ သို့မှသာ စက်ရုံမှထုတ်လုပ်သောဆေးဝါးများ အရည် အသွေးမြင့်မားလာမည်ဖြစ်ပြီး ကုသမှု ပိုမိုကောင်းမွန်ကာ လူအများပိုမိုယုံကြည် အားကိုးလာမည် ဖြစ်ကြောင်း၊
  • ထို့အပြင် တိုင်းရင်းဆေးရုံနှင့် တိုင်းရင်းဆေးကုဌာနများတွင် သုံးစွဲမှုများပြီး အာနိသင် ထက်မြတ်သည့် ဆေးဝါးများကို ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးသွားရမည်ဖြစ်ကြောင်း၊
  • အာနိသင်ထက်မြတ်သောဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် အလွန်အရေးကြီးသော ဆေးဝါးကုန်ကြမ်း ဝယ်ယူရေးတွင်လည်း စံနှုန်းများသတ်မှတ်၍ အဖွဲ့နှင့်တိုင်ပင်ဆေးနွေး၍ ဝယ်ယူရန် လိုအပ်ပါကြောင်း၊ တိုင်းရင်း ဆေးဝါးများကို သေသပ်လှပအောင်ထုတ်ပိုးပြီး ဆေးအညွှန်းနှင့် လမ်းညွှန်ချက်များကို လူအများနားလည်အောင် မြန်မာလိုရေးသားစေ လိုကြောင်း၊
  • စာရင်းဇယားမှတ်တမ်းများကို ကွန်ပျူတာစနစ်အသုံးပြု၍ မှတ်တမ်းတင်ပြုစုပြီး (၆) လ (၁)ကြိမ် စက်ရုံ၏ ထုတ်လုပ်လည်ပတ်မှုအခြေအနေနှင့် ဆန်းစစ်သုံးသပ်မှု အစီရင်ခံစာကို ဗဟိုသို့ သတင်းပို့တင်ပြစေလိုကြောင်း၊
  • နိုင်ငံတကာအဆင့်အတန်းမီ တိုင်းရင်းဆေးဝါးများထုတ်လုပ်နိုင်ရေးအတွက်လည်း ခေတ်မီနည်းစနစ်ဖြင့် တိုင်းရင်းဆေးဝါးများ ကျယ်ပြန့်စွာထုတ်လုပ်လျက်ရှိသော တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘူတန်နိုင်ငံ၊ ထိုင်းနိုင်ငံများသို့စေလွှတ်ပြီး သွားရောက် လေ့လာစေမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးဝါးစက်ရုံကြီး ဆထက်ထမ်းပိုး အောင်မြင်အောင် အားလုံး ဝိုင်းဝန်းပူးပေါင်း ညီညွှတ်စွာဖြင့် ဆောင်ရွက် ကြရန် တိုက်တွန်း ပါကြောင်းပြောကြားခဲ့ပါသည်။
       ဆက်လက်ပြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက ကျေးဇူးတင် စကား ပြောကြားပြီး၊ စက်ရုံမှူး ဒေါ်မီမီက တိုင်းရင်းဆေးဝါးစက်ရုံအကြောင်းတို့ကို ပြောကြားခဲ့ကြပါသည်။
  • ဆက်လက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တိုင်းရင်းဆေးဝါး စက်ရုံဖွင့်လှစ်လည်ပတ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးခဲ့ကြသည့်ဝန်ထမ်းများနှင့် ပုဂ္ဂလိက တိုင်းရင်းဆေးဝါးကုမ္ပဏီများကို ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ပါသည်။
  • အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာခင်မောင်လွင်၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မန္တလေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ မန္တလေး ပြည်သူ့ဆေးရုံအုပ်ကြီး၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီအဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူ လုပ်ငန်းရှင်အသင်းမှ အဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
  • ဤကဲ့သို့ တိုင်းရင်းဆေးဝါးစက်ရုံကိုဖွင့်လှစ်လည်ပတ်နိုင်ခြင်းဖြင့် တိုင်းရင်းဆေးဝါးများကို ခေတ်မီနည်းစနစ်များ အသုံးပြု၍ အစွမ်းအာနိသင်ထက်မြက်၍ အရည်အသွေး ပြည့်ဝစွာဖြင့် လျာထား ချက်ပြည့်မီအောင်ထုတ်လုပ်ပေးကာ ပြည်သူ့ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်မှုပေးရာတွင် အဓိကလိုအပ်ချက်ဖြစ်သော တိုင်းရင်းဆေးဝါးများကို ထောက်ပံ့ပေးလာနိုင်မည်ဖြစ်ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ