the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်တွင် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖွင့်လှစ်

၂၀၁၈ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်အတွင်းရှိ  ပြည်သာယာရပ်ကွက်တွင် ဒေသခံပြည်သူများအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရန်အတွက် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ အဆောက်အအုံ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပ ခဲ့ပါသည်။

 

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဋ္ဌေး၊ ပျော်ဘွယ် မြို့နယ်၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၊ ပျော်ဘွယ် မြို့နယ်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး၊ မန္တလေးတိုင်း ဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဦးစီးဌာနမှူး ဦးစန်းလွင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် ကမ္ဗည်းမော်ကွန်းကြေးပြားအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းခဲ့ ပါသည်။

 

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးက တိုင်းရင်းဆေးရုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ပျော်ဘွယ်မြို့နယ်တွင် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖွင့်လှစ်ခြင်းကြောင့် ပြည်သူများ၏ကျန်းမာရေးကို တိုင်းရင်းဆေးဖြင့် ပိုမိုစောင့်ရှောက်မှု ပြုနိုင်ခြင်းအတွက် မြို့မိမြို့ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

 

ထို့နောက် တာဝန်ရှိသူများက ပျော်ဘွယ်မြို့နယ်နယ် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ အတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး အလှူငွေများ ထည့်ဝင်လှူဒါန်းပေးကြသူများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း