the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး ညောင်းဦးမြို့နယ်တွင် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖွင့်လှစ်

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

မန္တလေးတိုင်းဒေသကြီး ညောင်းဦးမြို့နယ်တွင် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖွင့်လှစ်

၂၀၁၈ ခုနှစ် မေလ၂၇ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မန္တလေးတိုင်း ဒေသကြီးညောင်းဦးမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ တိုင်းရင်းဆေးဖြင့်ကျန်းမာရေးပြုစုစောင့်ရှောက်မှုများပေးနိုင်ရန်အတွက် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံအဆောက်အအုံဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဦးကျော်သိန်းဌေး၊ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဦးစန်းလွင်၊ ညောင်ဦးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်တို့က  တိုင်းရင်းဆေးရုံ အဆောက်အအုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးက တိုင်းရင်းဆေးရုံသစ် ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ 
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး၊  ညောင်ဦးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက  ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းချီးမြှင့်ခဲ့ကြပါသည်။ 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင် တာဝန်ရှိသူများက ညောင်ဦးမြို့နယ်၏ ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး အလှူငွေကျပ် သိန်း ၅၀ ကို လှူဒါန်းသည့် ရှင်သန်သူအများပိုင်ကုမ္ပဏီလီမိတက်၊ အလှူငွေကျပ် ၂၆ ဒသမ ၅ သိန်း လှူဒါန်းသည့် အဖြူရောင်နှလုံးသားလူမှုကူညီရေး အသင်းနှင့် အလှူငွေများ ထည့်ဝင်လှူဒါန်းပေးကြသူများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ 
ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးက ညောင်ဦးဆေးရုံသစ် အစည်းအဝေးခန်း၌ ညောင်းဦးဆေးရုံမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပါသည်။ 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ